အမှိုက်တောင်းများ ပေးအပ်ခြင်းနှင့်အသိပညာပေးခြင်း ချောင်းသာတွင်ပြုလုပ်

24 June 2019
အမှိုက်တောင်းများ ပေးအပ်ခြင်းနှင့်အသိပညာပေးခြင်း ချောင်းသာတွင်ပြုလုပ်

"စနစ်တကျ စွန့်ပစ်ဖို့ရယ်၊ ပလတ်စတစ်အိတ်တွေ လျော့ချပြီးသုံးပေးဖို့၊ အသိပေးရင်နဲ့ ခြင်းတောင်းတွေ လက်ဆင့်ကမ်းပေးခဲ့တာပါ။ တတိယနှစ်မှာတော့ ရာသီဥတုပြောင်းလဲလာမှုကို သွားလိုက်တဲ့ တစ်နှစ်နဲ့ တစ်နှစ်တော့ မတူဘူး။ ပြောင်းလဲလာတာတွေ့ရတယ်။ အမှိုက်ကို လက်လွတ်စပယ်ပစ်ဖို့ ရှက်လာတယ်။ အမှိုက်ပုံးတွေထားတာကို တွေ့ရတယ်၊ အစ်မတို့ ကိုယ်တိုင် အမှိုက်ပုံးတွေ နှစ်တိုင်း လှူပေးတော့ ကမ်းခြေမှာ ရှိလာတယ်။ အိမ်တွေမှာ ရှိလာတယ်။ ပြောင်းလဲလာတာတွေ့ရတယ်။ နှစ်ရှည်တော့ လုပ်ရမှာလို့ ထင်တယ်”ဟု ဩစတြေးလျကျောင်းသားဟောင်းများအဖွဲ့မှ ဒေါ်မေမိုးဝါက ပြောသည်။

ချောင်းသာမြို့တွင် CLEAN BEACH CLEAN WATER2019 အား ဩစတြေးလျကျောင်းသားဟောင်းများအဖွဲ့ က ရပ်ကွက်များ၊ လမ်းများတွင် အမှိုက်တောင်းများပေးအပ်ခြင်းနှင့် အသိပညာပေးခြင်းများ ဇွန် ၂၃ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဩစတြေးလျ ကျောင်းသားဟောင်းများသည့် ချောင်းသာမြို့တွင် ကမ်းခြေသန့်ရှင်းသာယာလှပရေး ပြုလုပ်ခဲ့သည်မှာ ယခုနှစ်နှင့်ပါဆိုလျှင် ၃ နှစ်ရှိပြီ ဖြစ်ပြီး ပထမနှစ်တွင် အမှိုက်ကောက်ခြင်း၊ ဒုတိယနှစ်တွင် ဇီးရိုးရပ်ကွက်အတွင်း စက်များဖြင့်အမှိုက်ရှင်းခြင်းများ ၊ ရေအောက်သန္တာကျောက်တန်း လေ့လာခြင်းများ ပြုလုပ်ခဲ့ကာ ယခုနှစ်တွင် ထော်လာဂျီတစ်စီးနှင့် သန့်ရှင်းရေးလုပ်ငန်းသုံးပစ္စည်းများအား တန်ဖိုးကျပ်သိန်း ၁၅၀ ဖိုး ပေးအပ်လှူဒါန်းခဲ့ပြီး၊ အမှိုက်ခြင်း ၅၀၀ အား အိမ်များသို့ ပေးအပ်ခဲ့သည်။

ရိုက်ကူး- စည်သူမောင်မောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly