မန္တလေးမြို့တွင် ကျင်းပမည့်ဖူဆယ်ပြိုင်ပွဲအတွက် Warrix Myanmar မှ ကျပ်သိန်း ၂၀၀ စပွန်ဆာပေး

မန္တလေးမြို့တွင် ကျင်းပမည့်ဖူဆယ်ပြိုင်ပွဲအတွက် Warrix Myanmar မှ ကျပ်သိန်း ၂၀၀ စပွန်ဆာပေး
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ ဇွန်လ ၂၄ ။         ။ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်မည့် မန္တလေးဖူဆယ် ပြိုင်ပွဲအတွက် Title စပွန်ဆာဖြစ်သော Warrix Myanmar မှ ကျပ်သိန်း၂၀၀ ပေးအပ်ခဲ့ကြောင်း ဇွန်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းဝေးအခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။  

"မြန်မာလက်ရွေးစင်ဖူဆယ်ကစားသမားတွေ ကမျိုးဆက်ပြတ်နေပါတယ်။ကျွန်တော်တို့ဆိုင်ကလည်း အသင်းလေးတွေရှိပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဖူဆယ်ကန်ပါတယ်။အဲတော့ကျွန်တော်က ဖူဆယ်အားကစားကို စိတ်ဝင်စားပါတယ်။မျိုးဆက်သစ်တွေ ပြတ်လပ်နေတဲ့ပြသနာကို တစ်ဖက်တစ်လမ်းကနေ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်ကို Warrix Myanmar အနေနဲ့ ကူညီနိုင်အောင် ဒီပွဲကို ကျွန်တော်တို့ အဓိက စပွန်ဆာ အနေနဲ့ ပေးတာ ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ပွဲလုံးရဲ့ကျသင့်ငွေက ကျပ်သိန်း ၄၀၀ ရှိတယ်လို့ပြောပါတယ်။ Warrix Myanmar အနေနဲ့ သိန်း ၂၀၀ မတည်ပြီးတော့ အဓိက စပွန်ဆာပေးထားတာဖြစ်ပါတယ် " ဟု Warrix Myanmar မှာ General Manager ဖြစ်သူ ကိုလှထွန်းကျော် က ပြောသည်။

MFF Warrix Futsal Cup (Mandalay) ပြိုင်ပွဲကို Tittle Sponsor အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ Offical Jersey Sponsor ဖြစ်သည့် Warrix Myanmar မှာကျပ်သိန်း ၂၀၀ ၊ Co-Sponsor များဖြစ် Victoria University College မှ ကျပ်သိန်း ၅၀ ၊ Leading Asia  မှ ကျပ်သိန်း ၅၀ တို့ဖြင့် စပွန်ဆာပေးအပ်ထား ကြောင်း သိရသည်။

"နိုင်ငံအနှံ့မှာ ဖူဆယ် ကလပ်အသင်းတွေတိုးပွားလာတာနဲ့အညီ ကျွန်တော်တို့အနေနဲ့ ဒီလို့ Open Cup တွေကို နိုင်ငံတဝှမ်းလုံးမှာ ဆက်ပြီးတော့ လုပ်နိုင်မယ်ဆိုရင် ဖူဆယ်ကစားသမားတွေ ပိုပြီးတော့ ပေါ်ထွက်လာမယ်။ အလားတူပဲ ဖူဆယ်ပြိုင်ပွဲတွေအများကြီးရှိမှလည်း မျိုးဆက်သစ် ဖူဆယ်ကစားသမားတွေ အများ အပြားပေါ်ပေါက်လာပြီး အာဆီယံအဆင့်မဟုတ်ဘဲ အာရှအဆင့် အထိ ထိုးဖောက်နိုင်မယ်ဆိုတာ ယုံကြည့်ပါတယ် " ဟုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဘုန်းနိုင်ဇော် က ပြောသည်။

ပထမဆုံးအကြိမ်အဖြစ် မန္တလေးမြို့တွင်ကျင်းပမည့် ဖူဆယ်ပြိုင်ပွဲအတွက် အသင်းပေါင်း ၄၅ သင်းကျော် စာရင်းပေးသွင်းထားပြီး ဇွန်လ ၂၅ ရက်နေ့ ညနေအထိ မြန်မာနိုင်ငံအမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေး) တွင် စာရင်းပေးသွင်း နိုင်ကြောင်းသိရသည်။

MFF Warrix Futsal Open Cup 2019 (mandalay) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် warrix ဖူဆယ်ပြိုင်ပွဲ ( မန္တလေး) ကို လာမည့် ဇွန်လ ၂၉ ရက်နေ့မှ စတင်ကာ ဇူလိုင်လ ၂၁ ရက်နေ့အထိ မန္တလေးမြို့၊ မန္တလာသီရိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပသွားမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly