အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခုအတွင်း အီသီယိုးပီးယား စစ်ဦးစီးချုပ် ပစ်သတ်ခံရ

အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခုအတွင်း အီသီယိုးပီးယား စစ်ဦးစီးချုပ် ပစ်သတ်ခံရ
ဓာတ်ပုံ - borkena.com

ဇွန် ၂၃ ။          ။ အီသီယိုးပီးယားနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် မတည်မငြိမ်မှုများအတွင်း စစ်တပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆီရာ မီကိုနန် ပစ်သတ်ခံရလို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။

စစ်ဦးစီးချုပ် မီကိုနန်ကိုတော့ ၎င်းရဲ့ ကိုယ်ရံတော် ဖြစ်သူက ပစ်သတ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံမြောက်ပိုင်း အမ်ဟာရာ ဒေသမှာ အစိုးရကို အာဏာသိမ်းဖို့ ကြိုးပမ်းမှု တစ်ခုကို တားဆီးဖို့ ကြိုးစားရင်း မီကိုနန်နဲ့ အခြား အရာရှိကြီးတစ်ဦးတို့ သေဆုံးသွားခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် အဘီ အာမက်က ထုတ်ပြန်ပြောကြားပါတယ်။

အဆိုပါ အမ်ဟာရာ ဒေသတွင် ဒေသအုပ်ချုပ်ရေးမှူး အမ်ဘာချူး မီကိုနန်လည်း ၎င်းရဲ့ အကြံပေးနဲ့အတူ ပစ်သတ်ခံခဲ့ရကြောင်း သိရပါတယ်။

အမ်ဟာရာဒေသမှာ ဒေသအာဏာပိုင်တွေရဲ့ အစည်းအဝေးတစ်ခု လုပ်နေစဉ် ခုလို ပစ်သတ်ခံရတာဖြစ်ကြောင်း သိရပါတယ်။

လူမျိုးစုရေးရာ အကြမ်းဖက်မှုတွေကတော့ အမ်ဟာရာဒေသအပါအဝင် အခြား ဒေသအများအပြားမှာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly