မကွေးတွင် ပုဂ္ဂလိကပိုင်အိမ်ရာများကို အရစ်ကျစနစ်ဖြင့် ရောင်းချမည်

မကွေးတွင် ပုဂ္ဂလိကပိုင်အိမ်ရာများကို အရစ်ကျစနစ်ဖြင့် ရောင်းချမည်

မကွေး၊ ဇွန် ၂၃ ။        ။ မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ပထမဦးဆုံး ဧရာဝတီအဆင့်မြင့်အိမ်ရာတိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ကျပ်သိန်း ၃၀၀ ကျော်မှ ၄၀၀ ကျော်အတွင်းရှိကြောင်း မကွေးဧရာဝတီ အဆင့်မြင့်အိမ်ရာတိုက်ခန်းများ ဆောက်လုပ်ရေးလုပ်ငန်းရှင်ထံမှ သိရသည်။

ယင်းတိုက်ခန်းများကို ၅ နှစ် အရစ်ကျရောင်းချပေးမည်ဖြစ်ကာ ရစ်ချက်စတာစကေး ၇ အထိ ငလျှင်ဒဏ်ခံ အဆောက်အဦများဖြစ်ပြီး ကားပါကင်များပါရှိသည်ဟု လုပ်ငန်းရှင်ဘက်မှ ဆိုသည်။

“ မကွေးမြို့က ဘက်စုံဖွံ့ဖြိုးတိုးတက်လာတယ်၊ နေထိုင်လူဦးရေ များလာတယ်။ ဒါကြောင့် မကွေး-နတ်မောက် လမ်းမကြီးနဲ့ ပေ ၇၀၀ ခန့်အကွာဝေးမှာ ဧရာဝတီအဆင့်မြင့်အိမ်ရာတိုက်ခန်းတွေ ခေတ်မီနည်းစနစ်တွေနဲ့ ဆောက်လုပ်ခဲ့ပါတယ်၊ ရစ်ချက်တာစကေး ၇ အဆင့် ငလျင်ဒဏ်ခံနိုင်တဲ့အထိ နည်းပညာများနဲ့ ဆောက်လုပ်ထားပါတယ်။ လေကောင်းလေသန့် ရအောင်၊ တိုက်ခန်းတိုင်း ကားပါကင်တစ်ခု ပိုင်ဆိုင်အောင် စီစဉ်ဆောက်လုပ်ထားပါတယ်” ဟု မကွေး ဧရာဝတီအဆင့်မြင့်အိမ်ယာတိုက်ခန်းများဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးဟန်မောင်က ဆိုသည်။

မကွေးမြို့ အမှတ်(၄၀) ဘုန်းကြီးကျောင်းလမ်း၊ ချမ်းမြေ့သာယာရပ်၊ ဖန်ခါးမြေဂေါက်ကွင်းအရှေ့ဘက် ကပ်လျှက် တည်ရှိသည့် ဧရာဝတီအဆင့်မြင့်အိမ်ရာတွင် တိုက်ခန်းပေါင်း ၁၁၀ ဆောက်လုပ်ထားပြီး တိုက်ခန်းထက်ဝက်ကျော် ရောင်းချပြီး ဖြစ်ကြောင်း၊ ကျန်ရှိနေသည့် တိုက်ခန်း ၅၂ ခန်းကို ကမ္ဘောဇဘဏ်(၁) နှင့် ချိတ်ဆက်၍ ၅ နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ အိမ်ရာတိုက်ခန်းတွေကို စဝယ်မယ်ဆိုရင် ကမ္ဘောဇဘဏ်နဲ့ချိတ်ဆက်ပြီး ၃၀ ရာခိုင်နှုန်း စသွင်းရပါမယ်။ စသွင်းမဲ့ ၃၀ ရာခိုင်နှုန်းကိုလည်း ၆ ရစ်ခွဲပြီး ပေးနိုင်ပါတယ်။ ကျန်ငွေကို ၅ နှစ်ခွဲပြီး ဆပ်ရမှာပါ။ ဝယ်ချင်ပေမယ့် မတတ်နိုင်တဲ့အခြေအနေတွေရှိနေရင်လည်း ကျွန်တော်နဲ့ လာရောက်ဆွေးနွေးပါ။ ဝယ်သူ အဆင်ပြေအောင် ရောင်းချပေးပါမယ်” ဟု ဦးဟန်မောင်က ဆိုသည်။

အိမ်ရာတိုက်ခန်း စတုရန်းပေ(၈၇၆)ရှိ တိုက်ခန်းများတွင် Master Bed Room (၁)ခန်း ၊ ရိုးရိုးအိပ်ခန်း(၁)ခန်း ၊ မီးဖိုချောင် ၊ ဧည့်ခန်းတို့ပါဝင်ပြီး လက်ငင်းငွေချေစနစ်ဆိုလျှင် ငွေကျပ် ၃၂၅ သိန်း ၊ အရစ်ကျစနစ်ဖြင့် ကျပ် ၃၅၀ သိန်း ကျသင့်မည်ဖြစ်သည်။

စတုရန်း ပေ(၁၂၂၀)ရှိ တိုက်ခန်းများတွင် Master Bed Room တစ်ခန်း ၊ ရိုးရိုးအိပ်ခန်း(၂)ခန်း ၊ မီးဖိုချောင် ၊ ဧည့်ခန်း နှင့် ဘုရားခန်းများ ပါဝင်မည်ဖြစ်ကာ လက်ငင်းစနစ်ဖြင့် ငွေကျပ်(၄၂၅)သိန်း ၊ အရစ်ကျစျနစ်ဖြင့် ငွေကျပ် ၄၅၀ သိန်း ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းများတွင် ကိုယ်ပိုင်ရေမီတာ ၊ လျှပ်စစ်မီတာ ၊ ကိုယ်ပိုင်ကားပါကင်များ ပေးထားမည်ဖြစ်ပြီး အိမ်ရာအတွင်း မီနီမားကက် ၊ အဆင့်မြင့်ရေကူးကန် ၊ ကလေးကစားကွင်း ၊ ပန်းခြံ ၊ ဓမ္မာရုံများကို ထည့်သွင်း ပေးထားပြီး လုံခြုံရေးပါဝင်သည်ဟု သိရသည်။

 “ တိုက်ခန်းတွေ ကို နှစ်ခန်းတွဲကျောကပ်တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ဝယ်ယူတဲ့အခန်းအားလုံးဟာ လေဝင်လေထွက်ကောင်းတဲ့ ထောင့်ခန်းတွေပဲ ဖြစ်ပါတယ် ။ တိုက်ခန်းဝယ်ပြီဆို ပိုင်ဆိုင်မှုအတွက် ခိုင်လုံတဲ့ ပိုင်ဆိုင်မှုအထောက်အထားတွေ အာမခံချက်တွေနဲ့ စာချုပ်ချုပ်ပြီး ရောင်းချပေးမှာဖြစ်ပါတယ်။ စာချုပ် ချုပ်ဆိုတဲ့နေ့မှ ၂၁ ရက်အတွင်း တိုက်ခန်း အပ်နှံပါမယ်။ ၀ိုင်းလွတ်ဝယ်ချင်တယ်ဆိုရင် ကျပ်သိန်း ၅၀၀ တန် ၀ိုင်းကွက် ၆ ကွက် ရောင်းဖို့ ရှိပါတယ်” ဟု အိမ်ရာတာဝန်ရှိသူ ဦးဟန်ချိုက ပြောသည်။

ပိုင်ရှင်ဖြစ်သူ ဦးဟန်မောင်(၀၉ ၅၃၄ ၀၉၈၃)နှင့် တိုက်ရိုက်ဆက်သွယ်ကာ စိတ်ကြိုက်ဝယ်ယူနိင်ပါကြောင်း၊ ဝယ်ယူရန် အခက်အခဲရှိပါက ပိုင်ရှင်နှင့် လာရောက်တွေ့ဆုံပြီး ညိနှိုင်းဆွေးနွေးနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly