လွှတ်တော်တွင် တပ်မတော်ကိုယ်စားလှယ် ပါဝင်မှု ၂၅ ရာခိုင်နှုန်းမှာ ပမာဏ နည်းနေသေးဟု မိန့်ကြား

19 June 2019
လွှတ်တော်တွင် တပ်မတော်ကိုယ်စားလှယ် ပါဝင်မှု ၂၅ ရာခိုင်နှုန်းမှာ ပမာဏ နည်းနေသေးဟု မိန့်ကြား

"မစိုးရိမ်ဆရာတော်ဘုရားကြီး ဆရာတော် ဦးရာဇဓမ္မ အမိန့်ရှိခဲ့သလိုပဲ တပည့်တော်တို့က ၂၅ ရာခိုင်နှုန်း (လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်ပါဝင်မှု)က နည်းတောင်နည်းသေးတယ်လို့ ယူဆရမှာပါ။ ဒါတော့ ဘယ်သူတွေက ဆဲဆဲ၊ ဘယ်သူတွေက ပြောပြော တပည့်တော်ကတော့ မမှုပါဘူး။ ကိုယ်လုပ်ရမယ့် လုပ်ငန်းကို ဖြောင့်ဖြောင့်မတ်မတ် အလုပ်လုပ်တယ်။ အေးအေးဆေးဆေးအလုပ်လုပ်တယ်"
~~အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို)၏ တွဲဖက်အတွင်းရေးမှူး မြတောင်ဆရာတော်

ဇွန်လ ၇ ရက်နေ့၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ အောင်ဆန်းတောရတပ်ဦးကျောင်းတွင် ပြုလုပ်ခဲ့သည့် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) နှစ်ပတ်လည်စုံညီ တွေ့ဆုံ သြဝါဒ ခံယူပွဲနှင့် မဟာသမယသုတ်၊ ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကြွရောက်လာသည့် သံဃာတော်များကို ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို)၏ တွဲဖက်အတွင်းရေးမှူး မြတောင်ဆရာတော်က ထိုသို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly