နိုင်ငံရေးအကျဉ်းသူဟောင်း ၁၀၀ ကျော်ကို တြိအမျိုးသမီးအဖွဲ့မှ ဂုဏ်ပြု

20 June 2019
နိုင်ငံရေးအကျဉ်းသူဟောင်း ၁၀၀ ကျော်ကို တြိအမျိုးသမီးအဖွဲ့မှ ဂုဏ်ပြု

နိုင်ငံရေးအကျဉ်းသူဟောင်း အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတဲ့ ဂုဏ်ပြုပွဲတစ်ခုကို ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ ဒို့အိမ်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို အများဆုံးကျင်းပလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ မြန်မာနိုင်ငံအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ်ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်ကျဉ်းဟောင်းအမျိုးသမီးတွေပါဝင်တဲ့ တြိအမျိုးသမီးအဖွဲ့ကနေ ဦးဆောင်ပြုလုပ်ခဲ့တဲ့ အဲ့ဒီဂုဏ်ပြုပွဲမှာတော့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ကျဉ်းဟောင်းအမျိုးသမီး ၁၁ဝ ကို ဂုဏ်ပြုခဲ့ပါတယ်။ အဲ့ဒီလို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း၊ ကဗျာရွတ်ခြင်းတွေကို ပြုလုပ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ နိုင်ကျဉ်းဟောင်းအမျိုးသမီး ၃ဝဝ ဝန်းကျင်ရှိတဲ့အထဲက အခုဂုဏ်ပြုပွဲမှာ လက်လှမ်းမှီသလောက်ကို ဂုဏ်ပြုခဲ့တာ ဖြစ်ပြီး အခြားနိုင်ကျဉ်းသူဟောင်းများကိုလည်း ဆက်လက်ဂုဏ်ပြုသွားမယ်လို့ သိရပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly