အီရန်ကို အလျင်စလို တိုက်ဖို့ မလိုဘူးဟု ဒေါ်နယ်ထရမ့် ပြော

အီရန်ကို အလျင်စလို တိုက်ဖို့ မလိုဘူးဟု ဒေါ်နယ်ထရမ့် ပြော

၀ါရှင်တန်၊ ဇွန် ၂၂ ။         ။ အမေရိကန်ရဲ့ ကင်းထောက်ဒရုန်းကို အီရန် ပစ်ချခဲ့တာနဲ့ ပတ်သက်ပြီး အီရန်ကို တိုက်ခိုက်ဖို့အတွက် အလျင််မလိုဘူးလို့ သမ္မတ ထရမ့်က တွစ်တာမှာ ရေးသားပါတယ်။

ဒါအပြင်လည်း အီရန်ဟာ မောင်းသူမဲ့လေယာဉ်ကိုပဲ ပစ်ချတာကြောင့် တူတဲ့ တန်ပြန်မှု ဖြစ်မှာ မဟုတ်လို့ စစ်ပြင်တဲ့ တပ်တွေကို ပြန်ရုပ်သိမ်းခိုင်းလိုက်တာဖြစ်ကြောင်းလည်း ထရမ့် ပြောပါတယ်။

ဒရုန်းယာဉ်ကို ပစ်ချတဲ့အတွက် အီရန်ကို ဝင်တိုက်ဖို့ စိုင်းပြင်းခဲ့တာကို နောက်ဆုံးမိနစ်ရောက်မှ ပယ်ဖျက်လိုက်တာဟာ တကယ်ပဲ ထိုးစစ်ဖွင့်ရင် လူ ၁၅၀ လောက် သေဆုံးရမှာကြောင့်လည်း ဖြစ်ကြောင်း သောကြာနေ့မှာ ထရမ့်က တွစ်တာပို့စ်တွေကနေ ထုတ်ပြန်တာ ဖြစ်ပါတယ်။

တိုက်ခိုက်ဖို့ ဆယ်မိနစ်အလိုမှာပဲ  သူ့အနေနဲ့ တပ်တွေကို ပြန်ရုပ်ခိုင်းခဲ့တာဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။ “မနေ့ညက အီရန်ရဲ့ နေရာသုံးနေရာကို တိုက်ခိုက်ဖို့ စစ်ပြင်ခဲ့တယ်။ လူ ဘယ်လောက်သေမလဲလို့ ကျွန်တော် မေးကြည့်တယ်။”လို့ ထရမ့်က ရေးပါတယ်။

“၁၅၀ သေမယ် ဆရာကို ဗိုလ်ချုပ်ကြီးတစ်ဦးထံက အဖြေရတယ်။ ဆယ်မိနစ်ပဲ လိုတော့တယ်။ ထိုးစစ်ဝင်တော့ဖို့။ ဒါပေမယ့် ကျွန်တော် ရပ်ခိုင်းခဲ့တယ်။ ဒါဟာ မောင်းသူမဲ့ လေယာဉ်ကို ပစ်ချတာအတွက် တုံ့ပြန်တာဟာ အချိုးအစား ကျမှာ မဟုတ်တာကြောင့်ပဲ။”လို့ သမ္မတ ထရမ့်က ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဟော်မုဇ်ရေလက်ကြားမှာ အီရန်ဟာ အမေရိကန်စစ်ကင်းထောက်ဒရုန်းယာဉ်ကို ဝေဟင်ပိုင်နက်် ကျူးကျော်လာတာကြောင့် ပစ်ချခဲ့ကြောင်း ကြေညာပေမယ့် အမေရိကန်က ပိုင်နက်ကျူးလွန်ခြင်း မရှိဘဲ နိုင်ငံတကာဝေဟင်ပိုင်နက်မှာ ပစ်ချခံရတာလို့ ငြင်းဆန်ပြီီး နှစ်နိုင််ငံကြား စစ်ရေးတင်းမာမှု အရှိန်မြင့်နေတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly