အင်ဒိုနီးရှားမှာ မီးခြစ်ဆံဂိုထောင် မီးလောင်ပြီး လူ ၃၀ သေဆုံး

အင်ဒိုနီးရှားမှာ မီးခြစ်ဆံဂိုထောင် မီးလောင်ပြီး လူ ၃၀ သေဆုံး

ဂျကာတာ၊ ဇွန် ၂၁ ။           ။ အင်ဒိုနီးရှားနိုင်ငံမှာ မီးခြစ်ဆံဂိုထောင်တစ်လုံး သောကြာနေ့က မီးလောင်မှု ဖြစ်တာကြောင့် ကလေးငယ်အချို့အပါအဝင် လူပေါင်း ၃၀ အနည်းဆုံး သေဆုံးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မီးလောင်မှု ဖြစ်အပြီးမှာ ကြမ်းပြင်ပေါ် စီရီချထားတဲ့ မီးကျွမ်းရုပ်အလောင်းတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း မြင်တွေ့ရပြီး အခု မီးဟာ သောကြာနေ့ နေ့လယ်ပိုင်းက လောင်ကျွမ်းတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

မြောက်ပိုင်း ဆူမတြားပြည်နယ် ဘန်ဂျိုင်းမြို့မှာ ရှိတဲ့ လောင်တဲ့ လူနေအိမ်အဖြစ်လည်း အသုံးပြုနေတဲ့ အဲဒီ မီးခြစ်ဆံဂိုထောင် မီးလောင်မှုကို ရုပ်သံသတင်းတွေ ထုတ်လွှင့်ပြသရာမှာ မီးခိုးလုံးမည်းတွေ ကောင်းကင်ယံဆီ လွင့်တက်နေတာကို မြင်တွေ့ရပါတယ်။

“ဘာကြောင့် မီးလောင်လည်းဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် မီးကို ငြိှမ်းသတ်လိုက်နိုင်ပါပြီ။”လို့ မြောက်ပိုင်း ဆူမတြား သဘာဝဘေးဌာန အကြီးအကဲ လူဘစ်က ပြောပြီး သေဆုံးသူတွေထဲ ကလေးငယ် သုံးဦး ပါတယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်အတွင်းက ဂျကာတာမြို့ပြင်က မီးရှုးမီးပန်းစက်ရုံတစ်လုံး မီးလောင်ခဲ့ရာမှာ လူပေါင်း ၄၆ ဦးအထိ သေဆုံးခဲ့ဖူးပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly