သြစတြေးလျ အသင်းကို ၃-၁ ဂိုးဖြင့် မြန်မာ ဖူဆယ်အသင်း ရှံုးနိ်မ့်

သြစတြေးလျ အသင်းကို ၃-၁ ဂိုးဖြင့် မြန်မာ ဖူဆယ်အသင်း ရှံုးနိ်မ့်
မြန်မာနှင့် သြစတြေးလျ ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ- SMM ထိုင်းဖူဆယ်)

အောက်တိုဘာ ၉၊ ရန်ကုန် ။        ။ ၂၀၁၅ အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု ဒုတိယပွဲစဉ်အဖြစ် မြန်မာဖူဆယ်အသင်းနှင့် သြစတြေးလျဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သြစတြေးလျ အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဆိုပါပွဲတွင် သြစတြေးလျ ဖူဆယ်အသင်းသည် ပထမပိုင်း၌ မြန်မာဖူဆယ်အသင်းကို ၃-ဝဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းပွဲအစတွင် မြန်မာအသင်းမှ ခင်ဇော်လင်းက ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့သော်လည်း နောက်ပိုင်းမိနစ်များတွင် ချေပဂိုးများ ထပ်မံသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပွဲအပြီးတွင် ၃-၁ ဖြင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဆင့်တွင် ပွဲစဉ် နှစ်ပွဲကစားပြီးချိန်၌ တစ်ပွဲနိုင် တစ်ပွဲသရေဖြင့် ရမှတ် သုံးမှတ် ရရှိကာ ဂိုးကွာခြားချက်အသာဖြင့် အုပ်စုတွင်း အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ မြန်မာအသင်းပါဝင်သည့် အုပ်စု (ခ) တွင် ဗီယက်နမ်အသင်းက တစ်ပွဲကစား ရမှတ် သုံးမှတ်ဖြင့် ပထမ၊ မြန်မာအသင်းက ဒုတိယ နှင့် သြစတြေးလျ အသင်းက တစ်ပွဲကစား တတိယ နေရာဖြင့် အုပ်စုတွင်း အမှတ်ပေးဇယားတွင် အသီးသီးရပ်တည်လျက် ရှိသည်။

အခြား အုပ်စု အဖြစ် အုပ်စု (က) တွင် မလေးရှားအသင်းက တစ်ပွဲကစား ရမှတ် သုံးမှတ် ဂိုးကွာခြားချက်အသာဖြင့် အုပ်စု ပထမ၊ တီမောအသင်းက ရမှတ် သုံးမှတ်ဖြင့် ဒုတိယနေရာတို့တွင် ရပ်တည်လျက်ရှိသည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် လက်ကျန်ပွဲစဉ်များအဖြစ် အောက်တိုဘာ ၁၀ ရက်တွင် ဗီယက်နမ်အသင်း၊ အောက်တိုဘာ ၁၂ ရက်တွင် လာအိုအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly