‘ရော်နယ်လ်ဒိုကို စံချိန်တွေ ချိုးနိုင်ဖို့ ကူညီပေးသွားချင်ပါတယ်။’ - ဆာရီ

‘ရော်နယ်လ်ဒိုကို စံချိန်တွေ ချိုးနိုင်ဖို့ ကူညီပေးသွားချင်ပါတယ်။’ - ဆာရီ
Photos: Juventus via Twitter

"ခရစ္စတီယာနို ရော်နယ်လ်ဒိုကို စံချိန်တွေ ချိုးနိုင်ဖို့ ကူညီပေးသွားချင်ပြီး ဒါဟာ အရမ်းကို ကျေနပ်စရာတစ်ခုဖြစ်ပါလိမ့်မယ်"လို့ မော်ရီဇီယို ဆာရီက ဂျူဗင်တပ်စ်နည်းပြအဖြစ် သူ့ရဲ့ တရားဝင်မိတ်ဆက်တဲ့ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

ဆာရီက သူဟာ ဘလွန်းဒီအော (၅)ဆုရှင် ရော်နယ်လ်ဒိုကို နည်းပြခွင့်ရလို့ ပျော်ရွှင်နေတယ်လို့ ပြောပါတယ်။

"ပြီးခဲ့တဲ့ နှစ်တွေက ကျနော်ဟာ အလွန်ကောင်းတဲ့ ကစားသမားအချို့ကို ကိုင်တွယ်လေ့ကျင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုကို လေ့ကျင်းပေးရမှာက ကျနော့်အတွက် နောက်ထပ်ခြေလှမ်းတစ်လှမ်းဖြစ်ပါလိမ့်မယ်။"လို့ သူက ပြောပါတယ်။

အသက် (၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ ဂျူဗင်တပ်စ် ကစားသမားဘဝ ပထမဦးဆုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၂၈)ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

“ဥပပမာအနေနဲ့ စီးရီးအေမှာ သွင်းဂိုးမှတ်တမ်းတွေ ရရှိတာမျိုးပေါ့။ ဒီလိုဖြစ်လာအောင် ကျနော် စွမ်းဆောင်ပြနိုင်ခဲ့ပြီးသားပါ။ သူ့ကို စံချိန်ကောင်းတစ်ခု ထပ်မံရရှိအောင် ကျနော်ကူညီပေးသွားချင်ပါတယ်။ ဒီအနေအထားမျိုးနဲ့ သူ့ကို အကောင်းဆုံးဖြစ်အောင် ကျနော် ကိုင်တွယ်ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။”

၂၀၁၅-၁၆ ဘောလုံးရာသီမှာ နာပိုလီနည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဆာရီက အသင်းရဲ့ တိုက်စစ်မှူး ဟီဂူအင်ကို စီးရီးအေသွင်းဂိုး (၃၆) ဂိုးအထိ ရရှိအောင် နည်းပြလမ်းညွှန်နိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းကို ရည်ရွယ်ပြီး ဆာရီက ရော်နယ်လ်ဒိုကိုလည်း ကူညီပေးနိုင်လိမ့်မယ်လို့ ပြောဆိုသွားခဲ့တာပါ။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly