ထောင်နှင့်ချီသော ဟောင်ကောင်ဆန္ဒပြသူတွေ ပါလီမန်ရှေ့ စုရုံးပိတ်ဆို့ပြီး အစိုးရနုတ်ထွက်ရေး တောင်းဆိုနေ

ထောင်နှင့်ချီသော ဟောင်ကောင်ဆန္ဒပြသူတွေ ပါလီမန်ရှေ့ စုရုံးပိတ်ဆို့ပြီး အစိုးရနုတ်ထွက်ရေး တောင်းဆိုနေ

ဇွန် ၂၁ ။         ။ ဟောင်ကောင်မှာ ထောင်နှင့်ချီသော အနက်ရောင်ဝတ် ဆန္ဒပြသူတွေဟာ ဇွန်လ ၂၁ ရက်က ပါလီမန်အဆောက်အအုံရှေ့ လမ်းမကြီးပေါ်မှာ စုရုံးပိတ်ဆို့ထားပြီး ပေကျင်းအစိုးရ လိုလားတဲ့ ဟောင်ကောင်ခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ရေး တောင်းဆိုနေလျက် ရှိတယ်လို့ သိရပါတယ်။

ယင်းမြို့တွင်းမှာတော့ အငြင်းပွားဖွယ် တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းတစ်ခုအပေါ် ဆန့်ကျင်ဆန္ဒပြနေကြလျက် ရှိပြီး ဆယ်စုနှစ်များစွာအတွင်း အကြီးဆုံးသော နိုင်ငံရေးအကျပ်အတည်းကြီးတစ်ခု အောက်ကျရောက်နေလျက် ရှိပါတယ်။

ဒါဟာ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်အားလုံးကို လိုက်လျောပေးဖို့ အစိုးရက ငြင်းဆန်ခဲ့ပြီးနောက် ယခုလို နောက်ထပ် ကြီးမားတဲ့ ဆန္ဒပြမှု ထပ်မံပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

အငြင်းပွား ဥပဒေကြမ်းကြောင့် ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်စေခဲ့တဲ့အပေါ် တောင်းပန်ကြောင်း ဟောင်ကောင်  အုပ်ချုပ်ရေးမှူး ကာရီလမ်က ထုတ်ဖော်ခဲ့သော်ငြား ဆန္ဒပြမှုတွေကတော့ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဘက်ကတော့ အငြင်းပွား ဥပဒေကြမ်းကို ဖျက်သိမ်းရေး၊ ခေါင်းဆောင် ကာရီလမ် လုံးလုံးလျားလျား နုတ်ထွက်ရေးကိုသာ တောင်းဆိုနေလျက် ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly