ဒေသတွင်းသို့ အမှိုက်များ တင်ပို့နေမှု တားဆီးရန် ထိုင်း campaigners တွေက အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်း

ဒေသတွင်းသို့ အမှိုက်များ တင်ပို့နေမှု တားဆီးရန် ထိုင်း campaigners တွေက အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်း

ဇွန် ၂၁ ။          ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေဆီကနေ အာဆီယံဒေသထံ အမှိုက်သရိုက်များ တင်ပို့နေမှုကို တားမြစ်ပိတ်ပင်ရန် ထိုင်း စည်းရုံးလှုံ့ဆော်သူ (campaigner) အဖွဲ့တစ်ခုက အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

ဒီလို အရှေ့တောင်အာရှ ဒေသထဲကို အခြားသော ဖွံ့ဖြိုးပြီး နိုင်ငံတွေကနေ အမှိုက်သရိုက်တွေ တင်ပို့နေမှု ရပ်တန့်သွားရေးနဲ့့ ပတ်သက်လို့ ထိုင်း စည်းရုံးလှု့ံဆော်သူတွေက ဇွန်လ ၂၀ ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

၎င်း အုပ်စုဟာ အစိုးရ ရုံးအဆောက်အအုံ တစ်ခုရှေ့မှာ ပလတ်စတစ်အမှိုက်သရိုက် အစုအပုံတစ်ခုကို လာရောက်စုပုံရင်းနဲ့ ၎င်းတို့တွေရဲ့ သဘောထားဆန္ဒကို ထုတ်ဖော်တိုက်တွန်းသွားခဲ့ပါတယ်။

ဒါဟာ ယခုသီတင်းပတ်ကုန်မှာ ထိုင်းမှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးမှာ တက်ရောက်လာကြမယ့် ဒေသတွင်း ခေါင်းဆောင်တွေကိုလည်း ရည်ညွန်းတိုက်တွန်းခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့က ခု လက်ရှိ အာဆီယံဥက္ကဌလည်းဖြစ်တဲ့ ထိုင်းအစိုးရကို တောင်းဆိုနေတာပါ၊ ပြီးတော့  ကျန် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုရောပေါ့၊ ဘာကို တောင်းဆိုတာလဲဆိုတော့ ခုချိန်မှာ ကမ္ဘာ့ ကျန်ဒေသတွေဆီကနေ ကျွန်တော်တို့ အာဆီယံဒေသကို နယ်နမိတ်ဖြတ်ကျော်ပြီး အမှိုက်တွေ ပို့ဆောင်နေတာတွေကို ထိထိရောက်ရောက် အရေးယူတားဆီးသွားဖို့့အတွက်ပါ၊ ပလတ်စတစ် စွန့့်ပစ်ပစ္စည်းတွေ၊ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းတွေ၊ အဆိပ်အတောက်ပါ ပစ္စည်းတွေ ကျွန်တော်တို့ဆီ ရောက်နေပါတယ်” လို့ Greenpeace Thailand ရဲ့ ဒါရိုက်တာ Tara Buakamsri က ပြောသွားပါတယ်။

“ ခုချိန်မှာ ကျွန်တော်တို့မှာ ကမ္ဘာလုံးဆိုင်ရာ စွန့်ပစ်ပစ္စည်း အကျပ်အတည်းနဲ့ ကြုံတွေ့နေရပါတယ်၊ အရှေ့တောင်အာရှဟာ ကမ္ဘာ့ စွန့်ပစ်ပစ္စည်း အမှိုက်ပုံကြီးလို လုံးလုံးလျားလျား ဖြစ်လာနေပါပြီ” လို့လည်း ၎င်းက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly