ထရမ့်နဲ့ ဆွေးနွေးပွဲတွေ တန့်ရပ်နေချိန် ရှီနဲ့ ကင်တို့ ပြုံယမ်းမှာ တွေ့ဆုံ

ထရမ့်နဲ့ ဆွေးနွေးပွဲတွေ တန့်ရပ်နေချိန် ရှီနဲ့ ကင်တို့ ပြုံယမ်းမှာ တွေ့ဆုံ

ပြုံယမ်း၊ ဇွန် ၂၁ ။        ။ နှစ်နိုင်ငံကြား ခပ်တန်းတန်းဖြစ်နေတဲ့ ဆက်ဆံရေးကို ပြန်လည်ပြေပြစ်စေချင်တဲ့ သမိုင်းတွင် ခရီးစဉ်အဖြစ် ပြုံယမ်းဆီ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ နိုင်ငံတော် ခရီးစဉ် ရောက်ရှိပြီး ကြာသပတေးနေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ရှီနဲ့ ကင်တို့အနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သီးခြား စိန်ခေါ်မှုတွေကို အသီးသီး ရင်ဆိုင်ကြုံတွေ့နေချိန်မှာ ခုလို တွေ့ဆုံတာပဲ ဖြစ်ပါတယ်။

သမ္မတ ရှီရဲ့ အခု မြောက်ကိုရီးယားခရီးစဉ်ဟာ သူ့အတွက် ပထမဆုံး ခရီးစဉ်ဖြစ်သလို ၁၄ နှစ်အတွင်း တရုတ်ခေါင်းဆောင်တစ်ဦး မြောက်ကိုရီးယားဆီ ပထမဆုံး လာရောက်မှုလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုတွေကို ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့တာကို တရုတ်က ပိတ်ပင်တာမျိုး မရှိတဲ့နောက်ပိုင်းမှာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ခပ်တန်တန်း ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဟာ ၎င်း အာဏာရပြီးနောက်ပိုင်း တရုတ်နိုင်ငံဆီ လေးကြိမ်အထိ သွားရောက်ထားတာလည်း ဖြစ်ပါတယ်။

သမ္မတ ရှီအနေနဲ့ ကုန်သွယ်ရေးစစ်မှာ အမေရိကန်ရဲ့ ထိုးနှက်ခံနေရပြီး ပြေလည်ရေးဆွေးနွေးပွဲတွေလည်း ရပ်တန့်နေချိန် ခုလို မြောက်ကိုရီးယား ခရီးစဉ် လာရောက်တာပဲ ဖြစ်ပါတယ်။

ဒီီအတူပဲ မြောက်ကိုရီးယားမှာလည်း သမ္မတ ထရမ့်နဲ့ နျူကလီးယားဆွေးနွေးပွဲတွေ တန့််ရပ်နေတာကို ခေါင်းဆောင် ကင်အနေနဲ့ ရင်ဆိုင်နေရချိန်လည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly