စျေးသစ်သို့ မပြောင်းလို၍ တညင်းကုန်းစျေးဟောင်းမှ စျေးသူ စျေးသား ၅၀၀ ကျော် အင်းစိန်စျေးရှေ့ထိ ချီတက်ဆန္ဒပြ

21 June 2019
စျေးသစ်သို့ မပြောင်းလို၍ တညင်းကုန်းစျေးဟောင်းမှ စျေးသူ စျေးသား ၅၀၀ ကျော် အင်းစိန်စျေးရှေ့ထိ ချီတက်ဆန္ဒပြ

အခွန်အခ ကြီးမြင့်သည့်အတွက်ဆိုကာ အသစ်ဆောက်လုပ်ထားသည့် စျေးသစ်သို့ မပြောင်းရွှေ့လိုသည့် တညင်းကုန်းစျေးဟောင်းမှ  စျေးသူ၊ စျေးသား ၅၀၀ ကျော်က ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တညင်းကုန်း စျေးဟောင်းမှ  အင်းစိန်စျေးအထိ ၂ နာရီကျော် ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

" အစ်မတို့ ဒီမှာက တစ်ရာဖိုးကနေ စပြီးတော့ ရောင်းသွားတာ။ ဒီမှာ ရောင်းနိုင်တယ်။ ဒီလိုရောင်းနိုင်တာ ကလည်း အခွန်သက်သာလို့ ရောင်းနိုင်တယ်။ ဟိုဖက်မှာကျတော့ တစ်နေ့မှာ တစ်ကြိမ်ပဲကို ငါးပေပတ်လည်ကို ကိုးရာကျတယ်။ အစ်မက ဟိုမှာ(စျေးသစ်)လည်း မနက်ပိုင်းအစောရောင်းတယ်။ ငါးပေလေးကွက် ယူထား တယ်။ တစ်ရက်မှာ တစ်ကြိမ်ကိုပဲ ၃၆၀၀ ကျတယ်။ အဲ့ဒါမှာ အမကုန်တွေများနေတော့ ထပ်ထားရတဲ့ အခါကျ တော့ ကုန်တွေက နာကုန်ရော။ မနေ့ကဆို သခွားသီး နှစ်အိတ်လွှင့်ပစ်လိုက်ရတယ်။ ငရုတ်သီးစိမ်းတွေလည်း ပုပ်ကုန်လို့ အကုန်ပစ်လိုက်ရတယ်"ဟု တညင်းကုန်းစျေး၊ ရုံ(က)တွင် ကုန်စိမ်းရောင်းချနေသူ ဒေါ်မြင့်မြင့်ဌေးက မဇ္စျိမသို့ပြောသည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly