စပိန်လက်ရွေးစင်အသင်းကို (၁၁)လကြာသာ ကိုင်တွယ်ပြီးနောက် တာဝန်ကနေ ရုတ်တရက် နှုတ်ထွက်လိုက်တဲ့ အင်းနရစ်

စပိန်လက်ရွေးစင်အသင်းကို (၁၁)လကြာသာ ကိုင်တွယ်ပြီးနောက် တာဝန်ကနေ ရုတ်တရက် နှုတ်ထွက်လိုက်တဲ့ အင်းနရစ်
Photo: EPA

စပိန်လက်ရွေးစင်အသင်းနည်းပြ လူးဝစ္စအင်းနရစ်ဟာ အသင်းကို (၁၁)လာသာ ကိုင်တွယ်ခဲ့ပြီးနောက် ပုဂ္ဂိုလ်ရေးရာကိစ္စတချို့ကြောင့် တာဝန်ကနေ ရုတ်တရက်နှုတ်ထွက်လိုက်ပါတယ်။ 

သူ့နေရာကို လက်ထောက်နည်းပြ ရောဘတ်တိုမိုရီနိုနဲ့ အစားထိုးသွားလိမ့်မယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းနည်းပြဟောင်းဟာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက စပိန်လက်ရွေးစင်အသင်းကို နည်းပြဖို့ (၂)နှစ် စာချုပ်ချုပ်ခဲ့သူပါ။

အင်းနရစ်ဟာ "မိသားစုနဲ့ ပတ်သက်တဲ့ အရေးပေါ်ကိစ္စတချို့ကြောင့်" မတ်လကတည်းက တာဝန်ပျက်ကွက်ခဲ့ရတယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အဆိုအရ သိရပါတယ်။

"ဒါက အင်းနရစ်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တဲ့ ကိစ္စပါ။ ပုဂ္ဂိုလ်ရေးရာ ကိစ္စတွေကြောင့်ဖြစ်ပြီး ဒါဟာ ကျနော်တို့နဲ့ မသက်ဆိုင်ပါဘူး။ ကျနော်တို့ အမြင်ကတော့ ဒါဟာ အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်မယ်ထင်ပါတယ်။"လို့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်က ပြောပါတယ်။

အသက် (၄၉)နှစ်အရွယ် အင်းနရစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် (၁၆)သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ စပိန်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly