တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားသို့ ရောက်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားသို့ ရောက်ရှိ

ဇွန် ၂၀ ။          ။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန်လ ၂၀ ရက်က သမိုင်းဝင်ခရီးစဉ်အဖြစ် မြောက်ကိုရီးယားသို့ ရောက်ရှိလာခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက ဖော်ပြသည်။

နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရန်အတွက် မြောက်ကိုးရီးယားသို့ ရောက်ရှိလာသည့် တရုတ်သမ္မတ ရှီသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျူံအန်းနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။

ဒါ့အပြင် ရှီသည် ၁၄ နှစ်တာအတွင်း မြောက်ကိုရီးယားသို့ လာရောက်သည့် ပထမဆုံးသော တရုတ်ခေါင်းဆောင်လည်း ဖြစ်လာခဲ့သည်။

စစ်အေးခေတ် မဟာမိတ်များဖြစ်ခဲ့သည့် ယင်းနှစ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် ကာလများအတွင်းက ပြုံယမ်း၏ နျူကလီးယား ရန်စလုပ်ရပ်များ လုပ်ဆောင်မှု၊ ကုလ ဆန်ရှင်များအပေါ် ပေကျင်းအစိုးရ၏ ထောက်ခံမှုများကြောင့် နှစ်ဘက် ဆက်ဆံရေးပိုင်း ယိုယွင်းခဲ့ရသည်။

ယခုအခါ ရှီ နှင့် ကင်မ်တို့သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့ လုပ်ဆောင်နေပြီး ပြီးခဲ့သည့်နှစ်အတွင်း ကင်မ်သည် တရုတ်သို့ လေးကြိမ် လာရောက်လည်ပတ်ထားခဲ့ပြီး ဖြစ်သည်။

ယခုအခါ မြောက်ကိုရီးယားသို့ နှစ်ရက်တာ နိုင်ငံတော်ခရီးစဉ် လာရောက်သည့် ရှီသည် ဇွန်လ ၂၀ မနက်ပိုင်းက ပြုံယမ်းသို့ ရောက်ရှိလာခဲ့ကြောင်း တရုတ် CCTV သတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly