မက်ဆီရဲ့ ပင်နယ်တီဂိုးနဲ့ သက်သာရာရခဲ့တဲ့ အာဂျင်တီးနား

20 June 2019
မက်ဆီရဲ့ ပင်နယ်တီဂိုးနဲ့ သက်သာရာရခဲ့တဲ့ အာဂျင်တီးနား

ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်ရလဒ်

အာဂျင်တီးနား ၁-၁ ပါရာဂွေး
မက်ဆီ (၅၇-P)မိနစ် - ရစ်ချက် ဆန်းချက်ဇ် (၃၇)မိနစ်

အာဂျင်တီးနားအသင်းဟာ ပါရာဂွေးကို (၁)ဂိုးဖြင့် ရှုံးနိမ့်နေရာမှာ မက်ဆီရဲ့ ပင်နယ်တီဂိုးကြောင့် သရေကျခဲ့ပြီး နောက်တစ်ကြိမ် ရုန်းကန်ခဲ့ရပြန်ပါတယ်။ အုပ်စု (B)မှာ စဉ် (၂)ပွဲကစားခဲ့ကြရာမှာ အာဂျင်တီးနားက ရမှတ် (၁)မှတ်နဲ့ အုပ်စုအတွင်း အောက်ဆုံးမှာရှိနေပြီး ကိုလံဘီယာအသင်းကတော့ (၂)ပွဲနိုင်၊ ရမှတ် (၆)မှတ်နဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly