အငြင်းပွားဖွယ် ဥပဒေကြမ်းတစ်ရပ်ကို ဆန့်ကျင်ပြီး နီပေါပြည်သူ ထောင်သောင်းများစွာ စုရုံးဆန္ဒပြ

အငြင်းပွားဖွယ် ဥပဒေကြမ်းတစ်ရပ်ကို ဆန့်ကျင်ပြီး နီပေါပြည်သူ ထောင်သောင်းများစွာ စုရုံးဆန္ဒပြ

ခတ္တမန္ဒူ၊ ဇွန် ၂၀ ။           ။ နီပေါနိုင်ငံမှာ ဘုရားကျောင်းတွေကို စီမံခန့်ခွဲမယ့် အငြင်းပွားဖွယ် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ယုံကြည်မှုကို နိုင်ငံပိုင််ပြုသည်ဆိုရင်း ပြည်သူထောင်သောင်းများစွာဟာ မြို့တော် ခတ္တမန္ဒူမှာ စုရုံးဆန္ဒပြကြပြီး အဲဒီ ဥပဒေကြမ်းကို ပြန်ရုပ်သိမ်းဖို့ ဇွန် ၁၉ ရက် ဗုဒ္ဓဟူးနေ့မှာ အစိုးရကို တောင်းဆိုကြပါတယ်။

ရာစုနှစ်တွေ များစွာ တည်တံ့ခဲ့တဲ့ ဟိန္ဒူယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို ထိပါးလာလိမ့်မယ်လို့ စိုးရိမ်ရတဲ့ ဂူသီဥပဒေကြမ်းကို ရက်အတန်ကြာ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာပြီးနောက်မှာ အစိုးရက ပြန်ရုပ်သိမ်းပေးမယ်လို့ အင်္ဂါနေ့က ကတိခံထားတာပါ။

ဒါပေမယ့် ဝေဖန်သူတွေက ဖိနှိပ်မှု တစ်ရပ်ပဲလို့ ဆိုထားတဲ့ အဲဒီ ဥပဒေကြမ်းကို ဝန်ကြီးချုပ် ကေပီရှာမာအိုလီ ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီ အစိုးရက ပြန်လည်အတည်ပြုလာမှာကို  သံသယတွေ ရှိနေတာကြောင့် စုရုံးတောင်းဆို ဆန္ဒပြမှုတွေ ဗုဒ္ဓဟူးနေ့မှာ ဆက်လက်ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

“အစိုးရကတော့ အမျိုးသားလွှတ်တော်ကနေ ဒီဥပဒေကြမ်းကို ပြန်ရုပ်သိမ်းပေးမယ်လို့ အင်္ဂါနေ့ ညနေပိုင်းမှာ ကတိပေးထားပါတယ်။ ဒါပေမယ့် အဲဒီ ဥပဒေကြမ်းကို ထပ်ပြီး အဆို မတင်လာအောင် ကျွန်တော်တို့က အစိုးရကို ဆက်လက်ဖိအားပေးသွားမှာ ဖြစ်ပါတယ်။”လို့ အမျိုးသားပြယုဂ် ကာကွယ်ရေး ပူးပေါင်း မဟာဗျူဟာကော်မတီ ဥက္ကဌ ဂါနာပတိက ပြောပါတယ်။

ခတ္တမန္ဒူအနီးက အစိုးရရုံးစိုက်ရာ ပင်မအရပ်ဖြစ်တဲ့ ဆင်ဂဟာဒါဘာအရပ်နားက အခု ဆန္ဒပြပွဲမှာ အင်အား လေးသောင်းနီးပါး ရှိတယ်လို့ ဂါနာပတိက ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး လမ်းတွေကို ပိတ်ဆို့ထားပေမယ့် ရဲနဲ့ ထိပ်တိုက်တွေ့တာမျိုးတော့ မဖြစ်ပွားခဲ့ပါ။

အဲဒီ ဥပဒေကြမ်းဟာ ဟိန္ဒူအများစု နီပေါနိုင်ငံမှာ ဘာသာရေးဆိုင်ရာ နေရာတွေကို ရဲအပြင် လွတ်လပ်တဲ့ အဖွဲ့အစည်းတွေနဲ့ပါ စည်းကမ်းထိန်းချုပ်မယ့် ဥပဒေကြမ်းတစ်ရပ်ဖြစ်တယ်လို့့ ဝေဖန်ထားကြပြီး ဒါဟာ ယုံကြည််မှုကို နိုင်ငံပိုင်ပြုတာပဲလို့ ဆန့်ကျင်ကန့်ကွက်ကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly