စစ်ကိုင်းဝန်ကြီးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ငြိမ်းချမ်းရေးစည်တော်ကြီး လက်ဆောင်ပေး

စစ်ကိုင်းဝန်ကြီးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ငြိမ်းချမ်းရေးစည်တော်ကြီး လက်ဆောင်ပေး
ဓာတ်ပုံ - Than Htay

စစ်ကိုင်း၊ဇွန် ၁၉ ။           ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်ဇနီးဒေါ်ချူးချူးတို့မှ ငြိမ်းချမ်းရေးစည်တော်ကြီးကို လက်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ရှေ့ရှုဆောင်ရွက်နေတဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ငြိမ်းချမ်းရေးကိုယ်စားပြု သစ်လုံးထွင်း ငြိမ်းချမ်းရေးစည်တော်ကြီးအား လက်ဆောင်ပေးအပ်ခြင်း” ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေး စည်တော်မှာ အလျား(၇၄)လက်မ လုံးပတ်(၁၃၂)လက်မ၊ အမြင့်လက်မ(၄၀)ရှိပြီး စည်တော်ကြီး တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသင်္ကေတ လောကနတ်ရုပ်၊ ကမ္ဘာ့ငြိမ်းချမ်းရေး သင်္ကေတ ချိုးဖြဴငှက်နှင့် သပြေခက်၊ တိုင်းရင်းသားများနှင့် အမိမြန်မာပြည် သင်္ကေတများ ပါရှိကြောင်း သိရသည်။

စည်တော်ကြီးကို အင်းတော်မြို့မှ ဆရာပွဲ ဗုံလုပ်ငန်းမှ ထွင်းထုခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းမြို့ကောင်းမှုတော် ဘုရားကြီးတွင် ထားရှိသော ကမ္ဘာ့အကြီးဆုံး သစ်တစ်လုံးထွင်းစည်တော်ကြီးကို ထွင်းထုခဲ့သူလည်းဖြစ်သည်။

မွေးနေ့လက်ဆောင်အဖြစ်ပေးအပ်သော စည်တော်ကြီးကို အင်းတော်မြို့မှ နေပြည်တော်ရှိ ဒေါ်အောင်ဆန်း စုကြည် နေအိမ်သို့ စစ်ကိုင်းတိုင်းဒေသကြီးခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးကော်မတီမှ တွဲဖက် အတွင်းရေးမှူးမှ ဇွန်လ ၁၈ ရက်နေ့၌ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required