အမေရိကန်တွင် တန်ဖိုး ဒေါ်လာ ၁ ဘီလီယံကျော်ရှိ ကိုကင်း ၁၆ တန်ကို အာဏာပိုင်များ ဖမ်းဆီးရမိ

အမေရိကန်တွင် တန်ဖိုး ဒေါ်လာ ၁ ဘီလီယံကျော်ရှိ ကိုကင်း ၁၆ တန်ကို အာဏာပိုင်များ ဖမ်းဆီးရမိ

ဇွန် ၁၉ ။            ။ ခန့်မှန်းမှောင်ခိုပေါက်စျေး ကန်ဒေါ်လာ ၁ ဘီလီယံကျော် ရှိ ကိုကင်း ၁၆ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း အမေရိကန် အာဏာပိုင်တို့က ဇွန်လ ၁၈ ရက်တွင် ပြောသည်။

ပင်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ကုန်တင်သင်္ဘောတစ်စင်းပေါ်ရှိ ကုန်သေတ္တာ ခုနစ်လုံံးထဲတွင် အဆိုပါ သမိုင်းဝင် များပြားသည့် ကိုကင်းများကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

“ ဒါ အမေရိကန် သမိုင်းမှာ အကြီးဆုံးသော မူးယစ်ဆေးဝါး ဖမ်းမိမှု တစ်ခုပါ” ဟု ဖီလာဒဲလ်ဖီးယား အရှေ့ဘက် ဒေသ အမေရိကန် ရှေ့နေ ဝီလီယံ မက်ဆွိုင်းက ပြောသည်။

“ သင်္ဘော အမှုထမ်း အားလုံးကိုလည်း ဖမ်းထားလိုက်ပါပြီ၊ တရားစွဲဖို့လည်း လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်း မူးယစ်ဆေးများ တွေ့ရှိခဲ့သော ကုန်တင်သင်္ဘော MSC Gayane သည် ချီလီ၊ ပနားမား နှင့် ဘဟားမားဆိပ်ကမ်းတို့တွင် ဆိုက်ကပ်ရပ်နားခဲ့ပြီးနောက် အမေရိကန်သို့ ဆိုက်ကပ်ခဲ့ခြင်းဖြစ်ကာ  ယင်းကနေတဆင့် ဥရောပသို့ ဆက်လက်ထွက်ခွာရန် အစီအစဉ် ရှိခဲ့ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly