ဂျပန် ငလျင်ကြောင့် လူ ၂၀ ကျော် ဒဏ်ရာ ရရှိ၊ ဆူနာမီ သတိပေးချက် ပြန်ရုတ်

ဂျပန် ငလျင်ကြောင့် လူ ၂၀ ကျော် ဒဏ်ရာ ရရှိ၊ ဆူနာမီ သတိပေးချက် ပြန်ရုတ်

ဇွန် ၁၉ ။          ။ ဂျပန်နိုင်ငံ အနောက်မြောက်ပိုင်း ကမ်းရိုးတန်းမှာ ယမန်နေ့ ဇွန်လ ၁၈ ရက် ညပိုင်းက ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ အားပြင်း ငလျင်တစ်ခု လှုပ်ခဲ့လို့ အရေးပေါ် ဆူနာမီ သတိပေးချက် အားချင်း ထုတ်ခဲ့ရကြောင်း အာဏာပိုင်တွေက ဇွန်လ ၁၉ ရက်မှာ ပြောပါတယ်။

ယခုအခါမှာတော့ ဆူနာမီ သတိပေးချက်ကို ပြန်ရုတ်ထားလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ငလျင် လှုပ်ပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူ ၂၁ ဦးထက်မနည်း ရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးကတော့ အခြေအနေ စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ငလျင် လှုပ်သွားပြီးနောက် ဘယ် အဆောက်အဦးမှ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့ခြင်း မရှိပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှု အခြေအနေတွေကို ဆက်လက်စစ်ဆေးနေလျက် ရှိပါတယ်။

ငလျင် လှုပ်ပြီးနောက် အဆောက်အအုံတွေ ပြိုကျနိုင်မှု၊ မြေပြိုမှုှုအန္တရာယ်တွေ ရှိနိုင်လို့ ဒေသခံပြည်သူတွေကို သတိ၀ိရိယ ရှိရှိ နေကြဖို့ ဂျပန် မိုးလေဝသ အေဂျင်စီက သတိပေးထားခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly