Hollywood Walk of Fame ရှိ မာရီလင်မွန်ရိုး ရုပ်တု ဖြုတ်ယူအခိုးခံရ

Hollywood Walk of Fame ရှိ မာရီလင်မွန်ရိုး ရုပ်တု ဖြုတ်ယူအခိုးခံရ

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၉ ။          ။ Hollywood Walk of Fame မှာရှိတဲ့ မင်းသမီးလေးဦးရဲ့ ရုပ်တုထက်က မာရီလင်မွန်ရိုးရဲ့ ရုပ်တု ဇွန် ၁၆ ရက် ညပိုင်းက ဖြုတ်ယူအခိုးခံရတာအတွက် အာဏာပိုင်တွေဟာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

မွန်ရိုးရဲ့ ရုပ်တု ဖြုတ်ယူအခိုးခံရမှုကို လော့စ်အိန်ဂျလိစ်ရဲဌာနဆီည ဆယ့်တစ်နာရီခွဲလောက်မှာ သတင်းပေးတိုင်ကြားလာတာ ဖြစ်ပါတယ်။

ဟောလိဝုဒ် မင်းသမီးလေးဦးရဲ့ ရုပ်တုအပေါ်မှာ မာရီလင်မွန်ရိုးရဲ့ နာမည်အကြီးဆုံးဖြစ်တဲ့ လေတိုက်လို့ ဂါဝန်စ လန်တက်တာကို ဖုံးဖိနေတဲ့ ပုံစံ ထုလုပ်ထားတဲ့ ရုပ်တုကို ဖြုတ်ယူခိုးသွားတာ ဖြစ်ပါတယ်။

“ဒါဟာ ပြည်သူပိုင်ပစ္စည်းကို သက်သက်မဲ့ ဖျက်ဆီးမှုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အခင်းဖြစ်ရာက သက်သေတွေ စုယူထားပြီး မွန်ရိုးရဲ့ ရုပ်တု ခိုးယူသွားသူကို အစွမ်းကုန် ဖော်ထုတ်သွားပါမယ်။”လို့ လော့စ်အိန်ဂျလိစ် ရဲဌာန ထောက်လှမ်းရေးအရာရှိ အိုဖာရေးက ပြောပါတယ်။

မင်းသမီး မွန်ရိုးဟာ ၁၉၆၂ ခုနှစ် သြဂုတ် ၆ ရက် အသက် ၃၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ပေါ့ပ်ယဉ်ကျေးမှုရဲ့ ရှေ့ဆောင်မင်းသမီးအဖြစ် သူ့့ခေတ်သူအခါမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို ယနေ့ခေတ်အထိ သူ့ရဲ့ ဟန်ပန်၊ အမူအရာနဲ့ ညှိ့ဓာတ်တွေဟာ မမှှေးမှိန်သေးဘဲ ခေတ်အဆက်ဆက် ထင်ကျန်ရစ်နေဆဲ ဂန္တဝင်မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly