တမူး၌ ပေါက်ကွဲမှု ဖြစ်ပွား

တမူး၌ ပေါက်ကွဲမှု ဖြစ်ပွား
ပေါက်ကွဲမှု ဖြစ်ပွားသည့် နေအိမ်ရှိ ဓာတ်ပုံ - ကဘော်ဆုသန်း

တမူး ၊ ဇွန် ၁၉ ။                 ။ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ စော်ဘွားအင်းရပ်ကွက် နယ်မြေ ၈ အတွင်းရှိ နေအိမ်တစ်ခုအတွင်း၌ အမျိုးအမည် ခွဲခြားမရသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသအာဏာပိုင်များ၏ ပြောပြချက်အရ သိရသည်။

ဇွန်လ ၁၈ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် ကသည်းလူမျိုးများနေထိုင်သည့်နေအိမ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူများထိခိုက်ဒဏ်ရာရရှိခြင်းမရှိပေ။

“မနေ့က မီးကပျက်နေတော့ CCTV က ပျက်နေတယ်လို့ ပြောတယ် ဒါပေမယ့် ဆိုလာမီးနဲ့ရတယ်လို့ အိမ်ရှင်က ပြောတယ်၊ လူနှစ်ယောက် အပြင်ကနေ လာပြီးပစ်သွားတယ်လို့ပြောတယ် ပုံရိပ်ပေါ်တယ်လို့ပြောတယ်” ဟု ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေအိမ်နှင့် တစ်အိမ်ကျော်မှ တမူးဒေသခံ မအိတုံကမဇ္စျိမသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် ကိစ္စနှင့်ပက်သက်၍ ဒေသအာဏာပိုင်များမှ မည့်သည့်အတွက်ကြောင့်ပေါက်ကွဲမှုဖြစ်သည်ကို စုံစမ်းနေကြောင်း သိရသည်။
"ဘာပေါက်ကွဲတယ်ဆိုတာကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ် ဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိတဲ့ ဌာနတွေကတော့ သူတို့ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆောင်ရွက်နေပါတယ် ဟု တမူးမြို့နယ် အုပ်ချုပ်ရေးမှူးမှ မဇ္စျိမသို့ ပြောသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် နေအိမ်၏ အပြင်ဘက်တွင် CCTV အများအပြား တပ်ဆင်ထားကြောင်း သိရသည်။
တမူးမြို့၌ ပေါက်ကွဲမှုဖြစ်ပွားသည့်အခါတိုင်းတွင် အမျိုးအမည် ခွဲခြားမရသည့်ပေါက်ပွဲမှုများသာ ဖြစ်ပွားနေပြီး ယင်းကိစ္စနှင့် ပက်သက်ပြီး ဒေသခံများအနေဖြင့် စိုးရိမ်မှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly