ရေကြီးမှု သဘာဝဘေးကို ရေလွှာလျှောစီးပြရင်း အစိုးရကို အင်ဒိုနီးရှားလူငယ်တစ်သိုက် ဆန္ဒပြ

ရေကြီးမှု သဘာဝဘေးကို ရေလွှာလျှောစီးပြရင်း အစိုးရကို အင်ဒိုနီးရှားလူငယ်တစ်သိုက် ဆန္ဒပြ

ဂျကာတာ၊  ဇွန် ၁၈ ။       ။ အင်ဒိုနီးရှားနိုင်ငံ ကာလီမန်တန်မြို့က လူငယ်တစ်အုပ်တစ်မဟာ သူတို့ မြို့မှာ ရက်များစွာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးမှု သဘာဝဘေးကို ရေလွှာလျှောစီးစရာအဖြစ် ဖန်တီးလိုက်ကြပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြကြပါတယ်။

ရေလွှမ်းနေတဲ့ ကားလမ်းတွေမှာ ကားနောက်ကနေ ကြိုးနဲ့ ချည်တွဲတန်းလိုက်ပါပြီး ဘုတ်ပြားပေါ်ကနေ လူငယ်တွေဟာ မြို့လယ်ကားလမ်းမပေါ် ရေလွှာလျှောစီးကြတာပါ။

အင်စတာဂရမ်မှာ တင်လိုက် ဗီဒီယိုဖိုင်တစ်ခုမှာ အသက် ၁၉ နှစ်အရွယ် ရာမက်ဟန်ဆိုတဲ့ လူငယ်ဟာ ကားနောက်မှာ လိုက်ပါရင်း ရေလွှမ်းနေတဲ့ ကားလမ်းမမှာ ဘုတ်ပြားပေါ်ကနေ ကျွမ်းကျွမ်းကျင််ကျင် ရေလွှာလျှောစီးနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီ ဗီဒီယိုမှာ လူငယ်တစ်ဦးရဲ့ အသံကိုလည်း ကြားရပြီး သူတို့အရပ််ဒေသဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ရာသီအလိုက် ရေကြီးမြေပြိုမှုတွေ ပြီးခဲ့တဲ့ ဆယ််စုနှစ်မှာ အမြဲလို ကြံလာရတယ်လို့ ပြောထားသံကိုလည်း ကြားရပါတယ်။

ဒီ မတိုင်ခင် တစ်ရက်ကလည်း ရာမက်ဟန်နဲ့ သူငယ်ချင်းတစ်သိုက်ဟာ ရေကြီးရေလွှမ်းမှုတွေကြောင့် အစိုးရကို ဆန္ဒပြတဲ့ စကားတွေဆိုတဲ့ ဗီဒီယိုဖိုင်ကို လွှင့်တင်ခဲ့ပါတယ်။

ဒီနေ့ တတိယနေ့မြောက်မှာ ရာမက်ဟန်ဟာ သူတို့ဒေသ ရေလွှမ်းမှုဒဏ် ကြုံနေရတာကို လူတွေ ပိုပြီး သိရှိသွားဖို့ ခုလို ကားလမ်းပေါ် ရေလွှာလျှောစီးပြရင်း ဆန္ဒပြသမှုတစ်ရပ်ကို ဖော်ဆောင်လာတာပဲ ဖြစ်ပါတော့တယ်။

သူတို့ရဲ့ အခု ဗီဒီယိုကို ကြည့်ရှုသူ ထောင်သောင်းများစွာ ရှိခဲ့ပြီး အများစုကလည်း ထောက်ခံအားပေးတဲ့ အပြုသဘော မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly