လူထုအုံကြွဆန္ဒပြမှုများ ဖြစ်စေခဲ့သည့်အပေါ် ဟောင်ကောင် ခေါင်းဆောင် ဝန်ချတောင်းပန်

လူထုအုံကြွဆန္ဒပြမှုများ ဖြစ်စေခဲ့သည့်အပေါ် ဟောင်ကောင် ခေါင်းဆောင် ဝန်ချတောင်းပန်

ဇွန် ၁၈ ။          ။ ဟောင်ကောင်မှာ လူထုဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်စေခဲ့သော တရားခံလွှဲပြောင်းရေး အငြင်းပွားဥပဒေကြမ်းတစ်ရပ်နှင့် ပတ်သက်၍ ဟောင်ကောင် ခေါင်းဆောင် ကာရီလမ်က ဇွန်လ ၁၈ ရက်တွင် ပြည်သူကို ဝန်ချတောင်းပန်လိုက်ကြောင်း သိရသည်။

အလားတူ ယင်း အငြင်းပွား ဥပဒေကြမ်းကို အတည်ပြုပြဌာန်းနိုင်ဖွယ် မရှိကြောင်းလည်း ၎င်းက ဝန်ခံသွားခဲ့သည်။

“ ကျွန်မကိုယ်တိုင်ပဲ ဒီ တာဝန်တွေကို ခံယူသွားရမှာပါ၊ ဒီ ကိစ္စကြောင့် လူ့အဖွဲ့အစည်းထဲမှာ  အငြင်းပွားမှု၊ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြစ်စေခဲ့ပါတယ်၊ ဒီအတွက် ဟောင်ကောင် ပြည်သူ အားလုံးကို ကျွန်မဘက်က အရိုးသားဆုံးနဲ့ စိတ်ရင်းအတိုင်း တောင်းပန်ပါတယ်” ဟု ကာရီလမ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားသည်။

တရုတ်ပြည်မကြီးသို့ ရာဇဝတ်သား လွှဲပြောင်းပေးခြင်းကို ခွင့်ပြုမည့် အဆိုပါ ဥပဒေ အဆိုပြုချက်များကို ဆန့်ကျင်ကာ ပြီးခဲ့သည့် ရက်များအတွင်း လူပေါင်းသန်းချီ မြို့တွင်း လမ်းများပေါ်သို့ ထွက်ကာ ဆန္ဒပြနေခဲ့ကြသည်။

ဆန္ဒပြသမားများဘက်က် ယင်း ဥပဒေကြမ်း ပြန်ရုပ်သိမ်းရေး၊ ဟောင်ကောင် ခေါင်းဆောင် ကာရီလမ် နုတ်ထွက်ရေးတို့ကို အဓိက တောင်းဆိုခဲ့ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly