မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် အဆိုတော် Pooky အဖမ်းခံရ

မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် အဆိုတော် Pooky အဖမ်းခံရ

ဇွန် ၁၈ ။          ။ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်ခဲ့မှုဖြင့် အဆိုတော်ဟောင်း Prissana Praisaeng ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက် ညပိုင်းက Ram Intra ဧရိယာရှိ သူမ ငှားရမ်းနေထိုင်လျက်ရှိတဲ့ နေအိမ်တစ်လုံးမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

Ketamine မူးယစ်ဆေး ၅ ဒသမ ၂ ကီလိုဂရမ် ကို ရောင်းဝယ်မှုဖြင့် အသက် ၄၀ နှစ်ရှိ Pooky လို့လည်း သိကြတဲ့ အဆိုတော် Praisaeng ကိုတော့ ယင်းနေ့က သူမရဲ့ ခင်ပွန်း Cholawit Keetatrakul နဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

၎င်းတို့ နေထိုင်တဲ့ အဆိုပါ နေအိမ်တွင်း ရဲတပ်ဖွဲ့နဲ့ မူးယစ်အထူးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေခဲ့ရာမှာတော့ crystal meth ၉၈ ဒသမ ၃ ဂရမ်၊ Speed စိတ်ကြွဆေးပြား ရှစ်ပြား၊ ecstasy ဆေးပြား ၁၀ ပြား၊ Ketamine လေးဂရမ်နဲ့ ဆေးခြောက် ၄၀ ဂရမ် တို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အသက် ၂၈ နှစ်အရွယ် ထိုင်ဝမ် အမျိုးသား Hung Cheng Yi ကို Ketamine ဆေးဝါး ၅ ကီလိုကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် ယခုလို အဆိုတော် Pooky တို့လည်း အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

အဆိုပါ ထိုင်ဝမ် နိုင်ငံသားကတော့ ယင်းဆေးဝါးတွေကို Pooky တို့ ဇနီးမောင်နှံဆီကနေ ရရှိခဲ့တယ်လို့ ရဲကို ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly