ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အမှု တရားလိုဘက်မှ တင်သွင်းသော သက်သေခံပစ္စည်းများကို တရားရုံး လက်ခံ

18 June 2019
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အမှု တရားလိုဘက်မှ တင်သွင်းသော သက်သေခံပစ္စည်းများကို တရားရုံး လက်ခံ

တပ်မတော်မှတရားလိုပြုလုပ်ပြီး နိုင်ငံတော်ကြိုညိုပျက်စေမှု ပုဒ်မ(၅၀၅) (က) ဖြင့် တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးအမှု ကို ဇွန်လ ၁၇ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗိုလ်ထောင်မြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့သည်။

 အဆိုပါရုံးချိန်းတွင် ကိုဇေယျာလွင် ၊ကိုပိုင်ဖြိုးမင်း၊ ဇော်လင်းထွဋ်(ခ)ဖိုးသား ၊ ကိုပိုင်ရဲသူ ၊ မကေခိုင်ထွန်း ၊ မဆုရတနာမြင့်၊ ကိုငြိမ်းချမ်းစိုးတို့ ၇ ဦးကိုရုံးထုတ် ခဲ့ပြီး တရားခွင်၌ တရားလိုဘက်မှ သတ်သေခံဖြစ်သော ဗီဒီယိုဖိုင်နှင့် စာရွက်တို့ကို မြို့နယ်တရားသူကြီးထံ တင်သွင်းခဲ့ရာ  မြို့နယ်တရားသူကြီးမှ လက်ခံခဲ့သည်။

ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57978

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly