တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ ငလျင်လှုပ်ပြီး ၁၁ ဦးသေဆုံးကာ ရာနဲ့ချီ ဒဏ်ရာရ

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ ငလျင်လှုပ်ပြီး ၁၁ ဦးသေဆုံးကာ ရာနဲ့ချီ ဒဏ်ရာရ

ပေကျင်း၊ ဇွန် ၁၈ ။         ။ တရုတ်နိုင်ငံ အနောက်တောင််ပိုင်း စီချွမ်ပြည်နယ်မှာ ဇွန် ၁၈ ရက်က ပြင်အားရစ်ချ်တာစကေး ၆ အဆင့်ရှှိ ငလျင်လှုပ်ရာမှာ ၁၁ ဦး သေဆုံးပြီး လူပေါင်း ၁၂၂ ဦး ထိခိုက်ဒဏ်ရာရရှိပါတယ်။

ငလျင်လှုပ်တာကြောင့်် ပျက်စီးပြိုကျတဲ့ အဆောက်အအုံ အပျက်အစီးပုံအောက် အသက်ရှင်နေသူတွေကို ကယ်ဆုယ််ရေးသမားတွေက ကယ်ထုတ်နေရပါတယ်။

ငလျင်ဟာ ယီပင်းမြို့ အပြင်ဖက် မြေအောက်အနက် ဆယ်မိုင်ခန့်မှှာ ဗဟိုပြုပြီး လှုပ်ခဲ့တာလို့ တရုတ်ငလျင်ကွန်ယက်စင်တာက ထုတ်ပြန်ပါတယ်။

ငလျင်ဗဟိုချက်နဲ့ နီးတဲ့ ဟိုတယ်တစ်လုံး လုံးဝပြိုကပေမယ့် ဒီဖြစ်ရပ််မှာ သေဆုံးသူ ဘယ်လောက်ရှိမလဲဆိုတာ မသိရသေးကြောင်း ရှင်ဟွာသတင်းဌာနက ထုတ်ပြန်ပါတယ်။

ပြိုကျအဆောက်အအုံတစ်ခုရဲ့ အပျက်အစီးအောက်ကနေ အသက်ရှင်သူတွေကို ကယ်ဆယ်ရေးသမားတွေ ကယ်ထုတ်နေရပုံကို နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဒီ ငလျင်ကြီး လှုပ်အပြီးမှာ နောက်ဆက်တွဲ ငလျင်တွေလည်း ဆက်လှုပ်ပြီး အပြင်းဆုံး နောက်ဆက်တွဲငလျင်ဟာ အင်အားရစ်ချ်တာစကေး ၅ အဆင့် ရှိပါတယ်။

ငလျင်လှုပ်ရာ အရပ်ဆီ မီးသတ်သမား အင်အား ၃၀၀ ကျော်ကို စေလွှတ်ထားပါတယ်။ ကယ်ဆယ်ရေးအမှုထမ်းတွေကိုလည်း ရွက်ဖျင်တဲ ၅၀၀၀၊ ခေါက်ကုတင် ၁ဝဝဝဝနဲ့ အခြားအရေးပေါ် အကူအညီပစ္စည်းတွေနဲ့အတူ စေလွှတ်ပေးပို့ထားကြောင်း ရှင်ဟွာသတင်းက ဖော်ပြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly