Myanmar Now အယ်ဒီတာချုပ်အမှု တရားလိုပြသက်သေများ လာရောက်ခြင်းမရှိ

18 June 2019
Myanmar Now အယ်ဒီတာချုပ်အမှု တရားလိုပြသက်သေများ လာရောက်ခြင်းမရှိ

အချိန်ကာလ(၂)နီးပါး ကြာမြင့်နေပြီဖြစ်သော Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု၏ (၆၇)ကြိမ်မြောက် ရုံးချိန်းကို ၂၀၁၉ ခုနှစ်၊ဇွန်လ ၁၇ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ မဟာအောင် မြေမြို့နယ် တရားရုံးတွင် ပြုလုပ်ခဲ့သည်။

ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေတွင်ပါဝင်သော ဆရာတော်ဦးဝီရသူ၊ ရဲအုပ်ကျော်သူနှင့် ကိုကျော်စွာထွန်းတို့အား တရားလိုပြသက်သေအဖြစ် စစ်ဆေးရန် ချိန်းဆိုထားသော်လည်း လာရောက်ခြင်းမရှိကြောင်း ကိုဆွေဝင်း၏ရှေ့နေထံမှသိရသည်။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

၄င်းအမှုတွင် နောက်ဆုံး စစ်ဆေးရန် တရားလိုပြသက်သေ (၄)ဦးသာကျန်ရှိခြင်းဖြစ်ပြီး သက်သေ များမှာ ရုံးချိန်းသို့ လာရောက်ခြင်းမရှိသောကြောင့် ယနေ့ရုံးချိန်းတွင် ကိုဆွေဝင်း၏ရှေ့နေမှ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ညွှန်ကြားစာအမှတ် ၁၁၄/၄၂၄ အရ ဆောင်ရွက်ပေးရန်နှင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၂ တို့ဖြင့် တရားရုံးသို့ လျှောက်ထားသည့်လျှောက်လွှာကို တင်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ဇွန်လ ၁၈ ရက်တွင် ထိုလျှောက်လွှဲချက်ကိုကြားနာမည်ဖြစ်ကြောင်း ကိုဆွေဝင်း၏ ရှေ့နေထံမှသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly