၁၈ ပေအမြင့်ရှိတဲ့ ဓာတ်တိုင်ပေါ်က ပြုတ်ကျခဲ့ပေမယ့် သေကံမရောက်ခဲ့သူ

18 June 2019
၁၈ ပေအမြင့်ရှိတဲ့ ဓာတ်တိုင်ပေါ်က ပြုတ်ကျခဲ့ပေမယ့် သေကံမရောက်ခဲ့သူ

သူကတော့ ကိုဇော်မျိုးလွင်ဆိုသူပဲဖြစ်ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်လျှပ်စစ်ရုံးက ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အမြင့် ၁၈ ပေ ရှိတဲ့ လျှပ်စစ်တိုင်ပေါ်ကနေ ပြုတ်ကျခဲ့ပေမယ့် ကံကောင်းပြီး အသက်မသေခဲ့သူပါ။

သူ့ရဲ့ တစ်နေ့တာ အလုပ်ချိန်ကို မီးလိုင်းပြတ်တောက်တဲ့ နေရာတွေကို လိုက်ပြီး ပြင်ဆင်တာနဲ့ စတင်ရပါတယ်။ ဒီလိုပြင်ဆင်ရင်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ဓါတ်အားလိုင်းပြတ်တောက်တဲ့ နေရာကို သွားရောက်ပြင်ဆင်ချိန် မှာတော့ ကိုဇော်မျိုးလွင်တစ်ယောက် မတော်တဆဖြစ်ခဲ့ပြီး ဓါတ်တိုင်ပေါ်ကနေ ပြုတ်ကျခဲ့ပါတယ်။

ရိုက်ကူး - အောင်မြတ်သူ
တည်းဖြတ် /တင်ဆက် - ဇေယျာမော်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly