သွေးလွန်တုပ်ကွေးလူနာမှ တဆင့် မကူးစက်နိုင်အောင် စီမံချက်များ ရေးဆွဲဆောင်ရွက်နေ

17 June 2019
သွေးလွန်တုပ်ကွေးလူနာမှ တဆင့် မကူးစက်နိုင်အောင် စီမံချက်များ ရေးဆွဲဆောင်ရွက်နေ

“ဆေးရုံမှာ လာလုပ်တာ ဆေးရုံမှာတက်နေတဲ့လူနာကတဆင့် နောက်လူနာတွေ ကူးမယ်။ သူတို့ အိမ်ပြန်သွားတဲ့အခါမှာ ရပ်ကွက်ထဲမှာ မကူးအောင်အတွက်ဆိုပြီး ခြင်ကျားကင်းစင်တဲ့ဆေးရုံဖြစ်အောင် ကျန်းမာရေးဌာနနဲ ့ပူးပေါင်းဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ရောဂါဖြစ်ပွားတဲ့နေရာတွေက တခြားနေရာတွေကို မကူးအောင် အဓိကဆောင်ရွက်တာ ဆေးရုံ၊ဆေးခန်းကို လာပြတဲ့ သွေးလွန်တုပ်ကွေး လူနာက တဆင့် မကူးအောင်လည်း လုပ်ငန်းတစ်ခုအနေနဲ ့ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာမြတ်မင်းထွန်းက ပြောသည်။ 

“ သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်မှတဆင့် ကူးစက်တယ်။ ဒါကြောင့် ခြင်အနေနဲ ့နှိမ်နင်းဖို့ခက်တယ်။ ပိုးလောက်လန်းအဆင့်မှာ နှိမ်နင်းရမှာဖြစ်ပါတယ်။၊ ဒါကြောင့် အိမ်တိုင်း ပိုးလောက်လန်း မရှိအောင် ဆောင်ရွက်မယ်ဆိုရင် ၊အိမ်တစ်အိမ်ကနေ ရပ်ကွက် တစ်ရပ်ကွက် ၊ရပ်ကွက်ကနေ မြို ့နယ်၊ မြို့နယ်ကနေ တစ်တိုင်းလုံးပေါ့၊ ဒီလိုနည်းနဲ့ ဆောင်ရွက်သွားရင်ဖြစ်ပါတယ်၊ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ဖို ့လိုပါတယ်” ဟု ဆက်လက်ပြောသည်။

၂၀၁၉ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၃၀၀ ကျော် ရှိခဲ့ပြီး ၊ဖြစ်ပွားမှု အများဆုံးမှာ ဟင်္သာတမြို့ဖြစ်ကာ လက်ရှိတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီမံချက် ရေးဆွဲဆောင်ရွက်လျက် ရှိသည်။

ရိုက်ကူး-စည်သူမောင်မောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly