အင်ဒိုနီးရှားမှာ ဒရိုင်ဘာနဲ့ စကားများပြီး ခရီးသည်က စတီယာရင်ကို ဆွဲလုရာက ကားတိုက်မှုဖြစ်ကာ လူဒါဇင်ချီ သေဆုံး

အင်ဒိုနီးရှားမှာ ဒရိုင်ဘာနဲ့ စကားများပြီး ခရီးသည်က စတီယာရင်ကို ဆွဲလုရာက ကားတိုက်မှုဖြစ်ကာ လူဒါဇင်ချီ သေဆုံး

ဂျကာတာ၊ ဇွန် ၁၇ ။              ။ အင်ဒိုနီးရှားနိုင်ငံမှာ ဒရိုင်ဘာနဲ့ စကားများပြီး ခရီးသည်တစ်ဦးက စတီယာရင်ကို ဆွဲလုရာကနေ ခရီးသည်တင်ကားတစ်စီး ယာဉ်တိုက်မှုဖြစ်ပြီး လူ တစ်ဒါဇင် သေဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရကြောင်း ရဲက ပြောပါတယ်။

အနောက်ဂျာဗားပြည်နယ်မှာ ဇွန် ၁၇ ရက် နံနက် ဆယ်နာရီလောက်မှာ အခု ယာဉ်တိုက်မှု ဖြစ်ခဲ့ပြီး ခရီးသည်တင်ကားဟာ လမ်းကြောင်းတိမ်းစောင်းသွားရာက အခြားကားနှစ်စီးကို တိုက်မိပြီး ကုန်ကားတစ်စီးပါ တိမ်းမှောက်သွားစေခဲ့တာ ဖြစ်ပါတယ်။

အခုလို ကားတွေ တိုက်မှုဖြစ်ရာမှာ ဒဏ်ရာရသူက ၄၃ ဦး ရှိပြီး ဆေးရုံအမြန် တင်ပို့ထားကြောင်း ရဲက ပြောပါတယ်။

“ခရီးစဉ် တစ်ဝက်လောက် အရောက်မှာ ခရီးသည်တစ်ဦးက အတင်း စတီယာရင်ကို ဆွဲလုတာကြောင့် ကားဟာ အထိန်းအချုပ် မဲ့သွားခဲ့တာ ဖြစ်တယ်။”လို့ မာဂျာလန်ကာမြို့ ယာဉ်ထိန်းရဲအဖွဲ့ ဦးစီး အက်တစ်ဆူဝန်တီက အေအက်ဖ်ပီကို ပြောပါတယ်။

အဲဒီလို စတီယာရင်ကို ဆွဲလုတဲ့ အသက် ၂၉ နှစ်ရှိ ခရီးသည်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ဒရိုင်ဘာယာဉ်မောင်းဖြစ်သူ အသက်ရှင်မရှင် မသိရသေးပါဘူး။

အရှေ့တောင်အာရှ အင်ဒိုနိးရှားကျွန်းနိုင်ငံမှာ အိုဟောင်းတဲ့ ကားတွေနဲ့ ထိန်းသိမ်းပြုပြင်မှု နည်းပါးတာအပြင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကိုလည်း လိုက်နာမှု နည်းပါးတာကြောင့် ယာဉ်မတော်တဆမှုတွေ အဖြစ်များပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly