ဇွန် ၁၇ ။ ။ ဟောင်ကောင်ကျွန်းရဲ့ အထင်ပေါ်ဆုံးသော ကျောင်းသား တက်ကြွလှုပ်ရှားသူ ဂျိုရှာဝေါင်ကတော့ ယနေ့ ဇွန်လ ၁၇ ရက်မှာ အကျဉ်းထောင်ကနေ ပြန်လွတ်လာခဲ့ပြီ ဖြစ်ပါတယ်။
ထောင်မှ ပြန်လွတ်လာခဲ့ပြီးနောက် ဂျိုရှာဝေါင်က လက်ရှိဟောင်ကောင် ခေါင်းဆောင် ကယ်ရီလမ် ရာထူးကနေ နုတ်ထွက်ရေးကိုပါ တောင်းဆိုသွားခဲ့ပါတယ်။
“ သူက ဟောင်ကောင် ခေါင်းဆောင် အဖြစ် ဆက်နေဖို့ အရည်အချင်း မပြည့်မီတော့ပါဘူး၊ ဒီ ယုတ်မာတဲ့ တရုတ် ရာဇဝတ်သားလွှဲပြောင်းရေး ဥပဒေကို ဟောင်ကောင်ပြည်သူအားလုံးနဲ့အတူ လက်တွဲပြီး ဆန့်ကျင်တိုက်ပွဲဝင်သွားမှာပါ” လို့ ဂျိုရှာဝေါင်က ပြောသွားပါတယ်။
- တရုတ်ဆီ ရာဇဝတ်သား လွှဲပြောင်းတဲ့ ဥပဒေကြမ်းကိုဆန့်ကျင်တဲ့ ဟောင်ကောင်က တစ်ကျော့ပြန် သပိတ်တိုက်ပွဲ
- တရုတ်သို့ တရားခံလွှဲပြောင်းပေးမည့် ဟောင်ကောင်အစိုးရ၏ အစီအစဉ်ကို လူထောင်နှင့်ချီ ချီတက်ဆန္ဒပြ
- ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံး ဖြစ်လာတဲ့ ဟောင်ကောင် ဆန္ဒပြပွဲ
၎င်းအနေနဲ့ လက်ရှိ အစိုးရဆန့်ကျင်ရေး သမိုင်းဝင် ဆန္ဒပြမှုတွေမှာ ပူးပေါင်းပါဝင်သွားမယ်လို့ ကြုံးဝါးသွားပါတယ်။
ဂျိုရှာဝေါင်ကတော့ ပြီးခဲ့တဲ့ ၂၀၁၄ ဟောင်ကောင်ကျွန်းပေါ်က ထီးလှုပ်ရှားမှုလို့ ထင်ရှားခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူ တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။
ယင်း ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်မှုအတွက် ၎င်းဟာ ထောင်ကျနေခဲ့သူဖြစ်ပြီး ထောင်ထဲတွင် ကောင်းမွန်စွာ နေထိုင်ခြင်းကြောင့် စောစောပြန်လွတ်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။