Ooredoo မြန်မာနှင့် တွေ့ဆုံ မေးမြန်းခြင်း

By မျိုးသန့်(မဇ္စျိမ)
17 June 2019
Ooredoo မြန်မာနှင့် တွေ့ဆုံ မေးမြန်းခြင်း

မင်္ဂလာပါ မဇ္စျိမ ပရိတ်သတ်များခင်ဗျား ။ အပတ်စဉ် မဇ္စျိမ ကနေ တင်ဆက်ပေးနေကြဖြစ်တဲ့ Exclusive Interview အစီအစဉ်ကနေ ကြိုဆိုပါတယ်  ။ဒီကနေ့မှာတော့  Ooredoo Myanmar Head of Corporate Communicatoins ဖြစ်တဲ့ ဦးတင်နိုင်ထွဋ်နဲ့   Ooredoo က တစ်မိနစ် တစ်ကျပ်ကို ဘယ်လိုမူနဲ့ လှူဒါန်းပါသလဲ၊ ဘယ်ဒေသတွေကို ဦးစားပေးလှူဒါန်းပါသလဲ၊ ရေသန့်၊ ပညာရေးနဲ့ ကျန်းမာရေးတွေအတွက် ဘာတွေလုပ်ပေးနေပါသလဲ ဆိုတာတွေကို ဆွေးနွေးမေးမြန်းသွားမှာ ဖြစ်ပါတယ် ခင်ဗျား။    

မေး ။            ။ပထမဆုံးမေးခွန်းလေး စမေးပါရစေ ၊ ကျွန်တော်တို့ဆီမှာပေါ့နော် ၊ ဒီဘက်နှစ်တွေမှာ CSR ၊ CSR ဆိုပြီးတော့မှ အင်မတန်မှ ခေတ်စားလာတဲ့ အသုံးအနူန်း တစ်ခုပေါ့နော် ။ Ooredoo ကလည်း CSR လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတယ်ဆိုတော့ ၊ Ooredoo က လုပ်နေတဲ့ CSR လုပ်ငန်းတွေ ဘယ်နေရာမှာ ဘယ်လိုတွေလုပ်နေတယ် ဆိုတာလေး  ပထမဆုံး သိချင်ပါတယ်။

ဖြေ။              ။ဟုတ်ပါတယ် ။ အခုနောက်ပိုင်းက ဒီ Corporate World မှာရော ဒီမြန်မာနိုင်ငံမှာ ရော  CSR ဆိုပြီး နာမည်လည်းကြီးလာတယ် ၊ ရေပန်းစားလာတယ်ပေါ့နော် ၊ ဒါပေမယ့် ကျွန်တော်တို့ Ooredoo ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ စပြီးတော့ operate လုပ်ခဲ့တာ ၂၀၁၄ ထဲကပါ ။ ၂၀၁၄ ထဲက ဆိုတော့ အစကတည်းကပဲ ဒီ CSR  program တွေ ကို စပြီး စာတင်ခဲ့တာပါ ။ ဒီဟာဆိုလို့ ရှိရင်လည်း ကျွန်တော်တို့ ဒီနိုင်ငံမှာ လိုင်စင် ရဖို့အတွက် licence agreement ထဲမှာလည်း ကျွန်တော်တို့ voluntary ဒီလိုလုပ်ပါမယ် ဆိုတဲ့ဟာတွေလည်း   ပြောထားတာတွေရှိပါတယ် ။   ပြည်သူကို ပြန်ပြီးတော့ အကျိုးပြုတဲ့ လုပ်ငန်းပေါ့နော် ၊ နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ ရှိပါတယ် ။ ကျွန်တော်တို့ အနေနဲ့ ဆိုရင် အခုဟာက အဲဒီနေရာတွေ အကုန်လုံးမှာလည်း စီးပွားရေးလုပ်ရုံတင်မဟုတ်ဘဲနဲ့ ကျွန်တော်တို့ Operate လုပ်တဲ့ နိုင်ငံတွေရဲ့ လူတွေ အကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်ပါတယ် ။ မြန်မာပြည်မှာလည်း ထိုနည်းတူပါပဲ။ အဲဒီတော့ မြန်မာနိုင်ငံမှာဆိုရင်လည်း အဓိက က အကုန်လုံးသိတဲ့ အတိုင်းပဲ လိုအပ်နေတဲ့ နေရာတွေက ဆိုလို့ ရှိိရင် ဘယ်လိုခေါ်မလဲ opportunity ပေါ့နော်၊ ရှိနေတာက ပညာရေးနှင့် ကျန်းမာရေး ၊ ဆိုတော့ ကျွန်တော်တို့ Ooredoo အနေနဲ့လည်း     အခြေအနေ ကို ကြည့်ပြီးတော့၊  CSR ကို ပညာရေးနှင့် ကျန်းမာရေးကို  အဓိကထား ဆောင်ရွက်နေပါတယ် ။ ဒီနေရာမှာပဲ ကျွန်တော်တို့ အရင်တုန်းထဲက စပြီးတော့ရှိရင်လည်း ဒီမဏ္ဍိုုင် ၂ ခုကို အဓိကပန်းတိုင်ထားပြီး ကျွန်တော်တို့ လုပ်ကိုင်ပါတယ် ။ ထိုနည်းတူပဲ ကျွန်တော်တို့ ကျန်တဲ့နေရာတွေမှာ ဆိုရင်လည်း အရေးကြီးတဲ့ Emergency နေရာတွေမှာ ဆိုရင်၊ ဥပမာ မနှစ်ကဆို ရေကြီးတယ် ၊ မီးဘေးတွေ ဆိုရင်လည်း ကျွန်တော်တို့ လိုရင်လိုသလို အမြဲတမ်းကူညီလေ့ ရှိပါတယ် ။ ကျွန်တော်တို့ Project တွေလည်း အများကြီး ရှိပါတယ် ။

မေး ။             ။ ပညာရေး နှင့် ကျန်းမာရေးက အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါတယ်ဆိုတော့ ဒီကဏ္ဍမှာ Ooredoo ကလုပ်ပေးနေတဲ့ CSR လုပ်ငန်းတွေ အသေးစိတ်ကို ပြောပြပေးပါခင်ဗျာ့ ။

ဖြေ ။             ။ ဟုတ်ကဲ့ ၊ ပြောရမယ်ဆိုရင် ပညာရေး နှင့် ပတ်သက်လို့ ကျွန်တော် အရင်ပြောချင်ပါတယ်။   ဧပြီ သင်္ကြန်မတိုင်ခင်လေးမှာပဲ အကုန်လုံးတော့ သတိထားမိပါလိမ့်မယ် ၊ နေပြည်တော် စီမံကိန်းအောင်မြင်တဲ့ အထိမ်းအမှတ်တစ်ခု အစိုးရဝန်ကြီးတွေ ဖိတ်ခေါ်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ် ။ တစ်မိနစ် တစ်ကျပ်ပေါ့၊ တစ်မိနစ် တစ်ကျပ် ဆိုပြီးတော့ ပညာကြွယ်ဝ လူမူဘဝ ဆိုပြီးတော့ အစီအစဉ်လေးနဲ့ ကျွန်တော်တို့ လုပ်ကိုင်ခဲ့တာပါ ၊    မြန်မာနိုင်ငံမှာ အကုန်လုံးကို ကြည့်လိုက်မယ်ဆိုရင် ပညာရေးကဏ္ဍက အကူအညီ လိုနေတာတွေ အများကြီး ရှိတယ် ၊ အခြေအနေ အကြောင်းကြောင်းကြောင့်ပဲ မိသားစုတိ်ုင်းက ကလေးတွေကို   ကျောင်းမထားနိုင်တဲ့နေရာတွေရှိတယ် ၊ အဲဒီတော့ ကျွန်တော်တို့ ကြည့်လိုက်တဲ့ အချိန်မှာ ကျွန်တော်တို့ အနေနဲ့ဘာလုပ်ပေးနိုင်မလဲ ၊  ဘာလုပ်ပေးလို့ ရမလဲဆို ကြည့်လိုက်တဲ့ အချိန်မှာ   ဒီလိုအပ်နေတဲ့ ကွက်လပ်တွေပေါ့နော်၊ အထူးသဖြင့်ဆင်းရဲတဲ့ မိသားစုတွေ၊ နယ်တွေမှာ ကျောင်းတွေမရှိတဲ့ အချိန်မှာ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးနေတဲ့ အဖွဲ့အစည်းတွေပေါ့  ၊ အဖွဲ့အစည်း တစ်ခုတည်းတော့ မဟုတ်ပါဘူး ။   ဒါ ရပ်ရွာရဲ့အဖွဲ့အစည်း အနေနဲ့က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေပါ။ အဲဒီတော့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက တော်တော်များများ ကို ကူညီပေးနေတယ်ဆိုတော့   သူတို့အနေနဲ့က infrastructure အရ အကုန်လုံးက မပြည့်စုံလှဘူး ၊ ရှိတဲ့ကျောင်းက ရှိတယ် မရှိတဲ့ကျောင်းကမရှိဘူး ၊ အဲဒီမှာတွေ့တော့ ကျွန်တော်တို့ အနေနဲ့က ကူညီလို့ရနိုင်မယ့် နေရာတစ်ခုသွားတွေ့တယ် ၊ အဲဒီနေရာတွေမှာ ကျွန်တော်တို့ ကူညီဆောင်ရွက်ခဲ့ ပါတယ် ။ ၂၀၁၇  စက်တင်ဘာမှာ ကျွန်တော်တို့ pilot project အနေနဲ့ မကွေးတိုင်းနှင့် ဧရာဝတီတိုင်း မှာ ၅ နေရာ ကူညီဆောင်ရွက်ခဲ့ပါတယ် ။ ကူညီဆောင်ရွက်ခဲ့တော့ အရမ်းအောင်မြင်တာကို  တွေ့ရပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ တကယ်ကို လိုအပ်နေတဲ့ရွာက ကျောင်းတွေမှာ ကျွန်တော်တို့ ကူညီပေးခဲ့တယ်။ ကျောင်းဆောင်တွေပြန်ဆောက်ပေးဖို့ တစ်ချို့နေရာတွေမှာ ပြန်ပြီးတော့ ကူညီပေးဖို့ အဲဒီအချိန်မှာ Customer ကိုလည်း ပါဝင်နိုင်အောင်လို့ ကမ်ပိန်းလေး တစ်ခုအနေနဲ့ ဝမ်း မိနစ် ဝမ်း ကျပ်ဆို ပြီးတော့ မိနစ်များများပြောပါ၊ ကျွန််တော်တို့ ပိုလှူပါ့မယ် ၊ ကျွန်တော်တို့ Ooredoo ကရတဲ့ ဟာတွေကို ကျွန်တော်တို့ တစ်မိနစ်ကို တစ်ကျပ် လှူပါ့မယ်ဆိုပြီးတော့ ကမ်ပိန်း တစ်ခု ကျွန်တော်တို့ လုပ်ခဲ့ပါတယ် ။ တကယ်တမ်းကတော့ အဲဒီဟာကိုလည်း ကျွန်တော်တို့ ပြည်နယ်နှင့် တိုင်းတွေမှာ လိုက်လုပ်ခဲ့ပါတယ် ။   ကျွန်တော်တို့အနေနဲ့ ဘက်ဂျက်က မြန်မာငွေအားလုံးပေါင်း 1.2  ဘီလီယံ ပေါ့နော် သိန်းပေါင်း တစ်သောင်းနှစ်ထောင် ရည်ရွယ်ပြီးတော့ လိုက်လံ လှူဒါန်းခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ဧပြီမှာလုပ်ခဲ့တဲ့ပွဲ ဆိုလို့ရှိရင်တော့ ဒီပရောဂျက်ကို CSR ပရိုဂရမ်ကို အောင်မြင်ကြောင်း၊ အစိုးရအဖွဲ့ရော စာနယ်ဇင်းတွေရော ကျွန်တော်တို့ဖိတ်ပြီးတော့ ပြောကြားခဲ့ပါတယ် ။ အဲဒီတော့   ဝန်ကြီးတွေ အစိုးရဘက်ကလည်း တော်တော်လေး ဝမ်းသာပါတယ် ။ ဒါကို ပြီးတယ်လို့ မပြောပါနှင့် ကျွန်တော် တို့ကို ဆက်လုပ်ပါ ဆိုတော့ ကျွန်တော်တို့လည်း ဆက်လုပ်နေပါတယ် ။ အားလုံးပေါင်း အဓိကအားဖြင့် ကျွန်တော်တို့ ပရောဂျက်နေရာတွေ အကုန်လုံးမှာ လှူခဲ့တာ ဆိုလို့ရှိရင် ဒီပရောဂျက်နှင့် ပတ်သက်လို့ အခုလောလောဆယ် ၄၉ နေရာ ရှိပါပြီ ၊ အဲဒီထဲမှာမှ ကျွန်တော်တို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၃၃ ကျောင်းကို ကျွန်တော်တို့ ကူညီဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ် ။

မေး။              ။ကျေးဇူးပါ ။ ဒါကတော့ ပညာရေးနှင့် ပတ်သက်တာပေါ့နော် ၊ ကျန်းမာရေးနှင့် ပတ်သက်ပြီးတော့ ရော ၊

ဖြေ။     ။ ကျန်းမာရေးနှင့် ပတ်သက်ပြီးတော့က ကျွန်တော်တို့ စလုပ်ထဲကဆိုရင် ၂၀၁၅ မှှာ စခဲ့တဲ့ ပရောဂျက် တစ်ခုရှိပါတယ် ။ ၂၀၁၇ မှာ ကျွန်တော်တို့ ပြီးသွားခဲ့တယ်ပေါ့ ။အဲဒီဟာဆိုလို့ရှိရင် အဲဒီဟာ ဆိုလို့ရှိရင် mobile clinic ပေါ့။ ကျွန်တော်တို့ ooredoo ကနေပြီးတော့ mobile clinic လုပ်တဲ့ ကား၂စီး၊  ထရပ်ကား ၂ စီးပေါ်မှာ ဆေးရုံပစ္စည်း အကုန်တင်ပြီးတော့ ကျွန်တော်တို့ provide လုပ်တယ် ။ ကျွန်တော်တို့ ပါတနာ NGO တစ်ခုနှင့် ပေါင်းပြီးတော့ သူတို့ကတော့ run ပေးတယ် ပေါ့နော်။ ကျွန်တော်တို့ supply လုပ်တယ် ၊ သူတို့က ဆရာဝန်တွေ ဆရာမတွေနှင့် သွားပြီးတော့ မြန်မာနိုင်ငံ အပူပိုင်းဒေသမှာ လှည့်ပတ်ပြီးတော့ ဆေးကုပေးတဲ့ program ကိုလုပ်ခဲ့ပါတယ် ။ အဲဒီဟာဆိုလို့ရှိရင် ကျွန်တော်တို့ ၂ နှစ် အောင်မြင်စွာ run နိုင်ခဲ့ပါတယ် ။ run တဲ့နေရာဆိုရင်   အားလုံးပေါင်း ဝင်းတွင်းမြို့နယ် အတွင်းမှာ တကယ်ခေါင်တဲ့ရွာ အားလုံးပေါင်း ၁၁၀ ကျော် က လူတွေကို အကူအညီပေးနိုင်ခဲ့ပါတယ် ။   ဒါက mobile clinic ပေါ့၊ နောက်တစ်ခု ဆိုလို့ရှိရင်   မြန်မာနိုင်ငံ ကျန်းမာရေးရည်မှန်းချက်ပေါ့နော် ၂၀၁၃ မူမှာ ရှိတဲ့အတိုင်းကို နိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ private health care center တွေက လိုအပ်နေတာတွေ ရှိပါတယ် ။ လိုအပ်နေတော့ နိုင်ငံတကာက အဖွဲ့အစည်းတွေကလည်း လှူဒါန်းတယ် ။ အဖွဲ့အစည်းတွေက လှူဒါန််းပေမယ့် ကျွန်တော် UNOPS နှင့် ပေါင်းပြီးတော့ UNOPS ကတော့ သူတို့ Standard အတိုင်းဆောက်တဲ့ အဖွဲ့ အစည်းပေါ့နော်၊ အဲဒီတော့ ကျွန်တော်တို့ အဲဒီဟာကိုလည်း ဒေါ်လာ 3.1 million လှူဒါန်းပြီးတော့ primary house care health centre ပေါ့နော်၊ တကယ် အခြေခံ ကျန်းမာရေးအဆောက်အအုံ ၂၁ ခု၊ ပထမကတော့ ကျွန်တော်တို့ ၁၇ ခုနှင့် သွားတယ် ၊ ပြီးတော့ ကျွန်တော်တို့ ၄ ခု ထပ်ပြီးတော့ ကျွန်တော်တို့ ဆက်ဆောက်နေတာရှိပါတယ် ။ အဲဒီဟာဆိုလို့ ရှိရင်တော့ ဒီပြည်နယ်နှင့်တိုင်း ၉ ခုမှာ Health Center အားလုံးပေါင်း ၂၁ ခုနဲ့ တည်ဆောက်ပေး ပြီးတော့ ဒီကလေးငယ်တွေနှင့် လူမူကိုယ်ဝန်ဆောင်မိခင်တွေကို ကူညီပေးဖို့အတွက်ကို အဓိကထားပြီးတော့ ရည်ရွယ်ပါတယ် ။ ဒါကို ကျွန်တော်တို့ကဆောက်တာ မဟုတ်ဘူးပေါ့နော်၊ UNOP က စဆောက်တယ်။ ကျွန်တော်တို့က ပိုက်ဆံလှူဒါန်းတယ် ။ ပြီးတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ဆက်ပြီးတော့ run ဖို့အတွက်ကို ကျွန်တော်တို့က လွှဲပြောင်း ပေးအပ်ပါတယ်။ ကျွန်တော်တို့ အားလုံးပေါင်း ၁၅ ခု လွှဲပြောင်းပြီးပါပြီ ။ လာမယ့် ၂၁ ရက်ဆို ကျွန်တော်တို့ အင်းလေးဒေသမှာ နောက်ထပ် Center တစ်ခုနှင့် ဘေးနားမှာရှိတဲ့ နောက်ထပ် ညောင်ရွှေမှာ Center တစ်ခုကို ကူးပြောင်းပေးဖို့ စီစဉ်ထားပါတယ် ခင်ဗျာ။

မေး ။             ။ ၂၀၁၉ ၊ ၂၀၂၀ ပေါ့နော်။ ဆက်ပြီးတော့ လုပ်မယ့် CSR လုပ်ငန်းတွေ လည်း ထပ်ဖြည့်ပြောပေးပါဦး ။

ဖြေ ။`            ။ ၂၀၁၉ ၊ ၂၀၂၀ ကတော့   ခုနကပြောတဲ့ မဏ္ဍိုင်ကြီး ၂ ခုကိုပဲ ဖြစ်တဲ့ ပညာရေးနှင့် ကျန်းမာရေးပဲ အဓိကထားပြီးဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ အခုလောလောဆယ် စီစဉ်ထား တာကတော့  ခုနကပြောသလိုပဲ တစ်မိနစ် တစ်ကျပ်မှာ ကျွန်တော်တို့ လှူဒါန်းခဲ့တဲ့ ကျောင််းတွေ ရှိတယ် ။ ကျွန်တော်တို့ ကူညီထားပေးခဲ့တဲ့ ကျောင်းတွေ ရှိတယ် ။ ကျွန်တော်တို့က ဒါကို ရော့ အင့် ပြီးသွားပြီဆိုတာမျိုး မဖြစ်ချင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ ကူညီခဲ့တဲ့ ကျောင်းတိုင်းမှာ ကွန်ပြူတာတွေလှူတယ် ၊ အခုလည်း ရှေ့ဆက် လှူနေပါတယ် ။ အခုလောလောဆယ်ပဲ ကျွန်တော်တို့ ကွန်ပြူတာတွေ ရောက်လာလို့ ထပ်ပို့ဖို့ စီစဉ်နေတယ်။ ဒီတော့ ကျွန်တော်တို့ အနေနဲ့က ဒီ ဘုန်းတော်ကြီးကျောင်းမှာ ပညာသင်နေတဲ့ ကလေးတွေကိုရှေ့ဆက်ပြီးတော့ digital e learning လိုဟာမျိုးနှင့် ရှေ့ဆက်သွားဖို့ အစီအစဉ်ရှိတယ် ။ အခုလောလောဆယ် အားဖြင့်တော့ digital literacy ကို ကျွန်တော်တို့ သင်ပေးဖို့လုပ်နေပါတယ် ။ နောက်ပြီးလို့ရှိရင်လည်း online cost နှင့် ဘယ်လို သွားပြီးတော့  သူတို့ကို အထောက်အကူ ပြုပေးနိုင်မလဲ၊ စီစဉ်ပေးနိုင်မလဲ ဆိုတဲ့ဟာလေး ကျွန်တော်တို့စီစဉ်နေပါတယ် ။ ထိုနည်းတူပဲ   မကြာခင် ကျွန်တော်တို့ announce လုပ်ပါမယ် ၊ ကျွန်တော်တို့ global partners တွေနှင့် ပေါင်းပြီးတော့ မြန်မာနိုင်ငံမှာ  ooredoo ကဦးဆောင်ပြီး တော့ digital literacy ပေါ့နော် ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာက ဖုန်းတွေ အများကြီး သုံးကြတယ်၊ ဒါပေမယ့်လည်း တစ်ချို့နေရာတွေမှာ လုံခြုံရေးနှင့် ပတ်သက်တာလေးကို အသိပညာတွေမှာ နည်းနည်းလေးအားနည်းကြတာကို တွေ့ရပါတယ်၊ အဲဒီဟာတွေကို ကျွန်တော်တို့ နဲ့ ပေါင်းပြီးတော့ ရှေ့ဆက်လုပ်ဖို့ ရှိပါတယ် ၊ ထိုနည်းတူပဲ   ကျန်းမာရေး ခုနကကျွန်တော် ပြောတဲ့ project တွေလည်း ဆက်လုပ်သွားနေပါတယ်။ ပြီးသွားလို့ရှိရင် ကျွန်တော်တို့   ကျန်းမာရေး စင်တာ တွေနဲ့ပဲ ပြီးသွားမှာ မဟုတ်ပါဘူး ။ ပြီးလို့ရှိရင် telemedicine ။   ဒီလိုပဲ Digital Learning  အနေနဲ့ ဘယ်လိုရှေ့ဆက်လုပ်ရမလဲ ဆိုတာပဲ သက်ဆိုင်ရာဌာနတွေနှင့်   ကြည့်ပြီးတော့ ဆောင်ရွက်နေပါ တယ် ။ နောက်ထပ် ပရောဂျက်ကြီးတွေလည်း ကျွန်တော်တို့ ပြောနေတာရှိပါတယ် ၊ အခုလောလောဆယ်တော့  အတိအကျပြောလို့ မရသေးတဲ့ အတွက်ကြောင့်မို့လို့ ဘာမှန်းတော့ ကျွန်တော်တို့ ပြောလို့ မရသေးဘူးပေါ့၊ ဒါပေမယ့် မကြာခင်တော့ ကျွန်တော်တို့ ရှေ့ဆက် ပြောလို့ ရမှာပါ ။

မေး ။            ။ ခုနကပြောသွားတဲ့ အထဲမှာ တစ်မိနစ် တစ်ကျပ် ဆိုပြီးတော့ ဦးတင်နိုင်ထွဋ် ၂ခါ ၃ခါ လောက်ပြောသွားတာတွေ့ရပါတယ် ။ အဲဒီတော့ ကျွန်တော်တို့ တစ်မိိနစ်ပြောတိုင်းမှာ တစ်ကျပ်က Community အတွက် အသုံးတည့်တဲ့ငွေ ဖြစ်သွားတာပေါ့နော် ။ အဲဒီဟာလေးနှင့် ပတ်သက်ပြီးတော့မှ နည်းနည်း ဖြည့် ပြောချင်တာလေးများရှိလား ၊

ဖြေ ။             ။ ဟုတ်ကဲ့ဗျ ၊ တစ်မိနစ် တစ်ကျပ်ဆိုတာတော့ ကျွန်တော်တို့ အရန် campaign တစ်ခုပေါ့နော်။ ဒါကတော့ သုံးစွဲသူတွေပါ ပါနိုင်အောင် သူတို့ အနေနဲ့က ဖုန်း ပြောတာလေး တစ်ခုထဲနှင့် သူတို့ပါ Community ကို ဒီ ဧရိယာ၊ ဥပမာ ဆိုလို့ရှိရင်ဗျာ မကွေးကလူတွေ ပြောထားတဲ့ ဘက်ဂျက်ဆို ကျွန်တော်တို့ မကွေး တစ်နေရာပဲ ပြန်လှူမယ် ၊ အဲဒီဟာကို ကျွန်တော်တို့ တခြားနေရာမှာ သွားမလှူဘူးဆိုတဲ့ အဲဒီ ကမ်ပိန်းနှင့် ကျွန်တော်တို့ တကယ်လည်း လုပ်ခဲ့ပါတယ် ။ အဲဒီဟာ အပြင်ကို ကျွန်တော်တို့ ခုနက မြန်မာငွေ သိန်းပေါင်း တစ်သောင်း နှစ်ထောင်ကျော်ကို ကျွန်တော်တို့ ထည့်ဝင်ပြီးတော့ လှူဒါန်းခဲ့ပါတယ် ၊ ဒီကမ်ပိန်းကဆိုရင် အားလုံးကလည်း လက်ခံတယ်၊ ဝမ်းမြောက်ဝမ်းသာရှိတယ်။ ဥပမာဆိုလို့ရှိရင် ကျွန်တော်တို့ နယ်တွေသွားလို့ရှိရင် ဒါက သူတို့ တကယ်ပြန်ပြီး လှူပေးတာပါလား ၊ အဲဒီတော့ ကျွန်တော်တို့ကလည်း လှူတယ်၊ လှူပြီးတော့ community တွေကို ပြန်ပေးတယ်ဆိုတဲ့ နေရာမှာ ပြီးပြီးရော ကျွန်တော်တို့ မလုပ်ခဲ့ပါဘူး။ တကယ်ကို ကျွန်တော်တို့ မရှိဆင်းရဲတဲ့ကျောင်းတွေကို ကျွန်တော်တို့ လိုက်ရှာတယ် ၊ ရှာပြီးတော့ တကယ် အကျိုးရှိမယ့်နေရာမှာ လှူဒါန်းဖို့ ကျွန်တော်တို့ ကြိုးစားခဲ့တာပါခင်ဗျ ။

မေး။              ။ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ။   ပိုက်ဆံတွေကို တစ်မိနစ် တစ်ကျပ်နဲ့ ဒေသဖွံဖြိုးရေးပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက်ပဲ ဖြစ်ဖြစ် ၊ ပညာရေးအတွက်ပဲ ဖြစ်ဖြစ် လုပ်တဲ့အခါမှာ ပြည်သူလူထုရဲ့ အကျိုးရလဒ်က ဘယ်လောက်ထိ ထိရောက်လဲ။

ဖြေ ။             ။ ဘယ်လောက်ထိ ထိရောက်လဲဆိုတော့   ကျွန်တော်တို့လည်း တတ်နိုင်သမျှ လုပ်တာပေါ့ နော်။ ကျွန်တော်တို့ တကယ်တန်း သွားရောက်လှူဒါန်းခဲ့တဲ့ ကျောင်းတွေဆို အဲဒီနားတွေမှာ ကျွန်တော်တို့ သွားလိုက်ရင်၊ ထိရောက်တာကို မြင်ရလားဆိုတော့ အဲဒီနားမှာရှိတဲ့လူတွေနဲ့  ကျွန်တော်တို့ သွားစကားပြော တယ် ။ ဥပမာဆိုရင် လွန်ခဲ့တဲ့ ၂ ပတ်က  မန္တလေးဘက်မှာ ကျောင်း ၂ ကျောင်း  ပြီးတဲ့အတွက်ကြောင့် ရွာကလည်း ဖွင့်ချင်ပါတယ် ။ လာခဲ့ပါဆိုပြီး ကျွန်တော်တို့ကို ဖိတ်တော့ စကားသံတွေ ပီတိသံတွေ ကြားရတာ တော်တော်လေးကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ အရင်တုန်းဆိုရင် မပြည့်မစုံနဲ့၊ အခု တစ်ချို့နေရာတွေမှာဆို ထန်းလက်တဲလေးတွေနဲ့ ဘေးကယို်င်ယိုင်နဲ့နဲ့ နေရာတွေမှာ ကျွန်တော်တို့ သွားပြီးတော့ လှူလိုက်တဲ့အတွက်ကြောင့် ခိုင်ခိုင်မာမာနဲ့ ကလေးတွေ လုံခြုံပြီး သက်သာတဲ့ အခြေခံအဆောက်အအုံတွေ ရသွားတယ်ပေါ့နော် ၊ ဒီလိုသွားပြီးတော့ လုပ်ခဲ့တဲ့ Community တွေကတော့ တော်တော်ကြီးကို ဝမ်းမြောက်ဝမ်းသာ ရှိပါတယ် ၊

မေး ။             ။   အခုဆိုရင် သိသိသာသာ ထင်ထင် ရှားရှားပဲ နွေရာသီ ဆိုတဲ့ အခါကျတော့ ရေရှားပါးတာ ရှိပါတယ် ၊ အဲဒီတော့ Ooredoo ကလည်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနဲ့ ပေါင်းပြီးတော့  clean water projects ဆိုပြီးလုပ်နေတာ ရှိပါတယ်၊ အဲဒီဟာလေးလည်း သိချင်ပါတယ် ။

ဖြေ ။             ။ ဟုတ်ကဲ့ပါ ၊ ကျွန်တော်တို့ clean water projects အနေနဲ့ဆိုရင်၂၀၁၅ ထဲကစခဲ့ပါတယ်။ လိုအပ်တဲ့နေရာတွေမှာ သွားပြီးတော့ လှူဒါန်းခဲ့တယ်ပေါ့နော် ။ တစ်ချို့နေရာတွေဆိုရင် ဒီနေရာတွေက ရေမရှိဘူးလို့ ပြောလိုက်လို့ရှိရင်၊ ကျွန်တော်တို့ မျက်စိထဲမှာ မြင်တာ အညာဒေသ ၊ အညာဒေသမှာ ရေရှားတယ် ရေ မရနိုင်ဘူးဆိုတော့ အဲဒီလိုနေရာတွေလည်း ပါတယ်ဗျ။ နောက်တစ်ခုက ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ပေါ၊့ ဒီမြစ်ဝကျွန်းပေါ်မှာလည်း မြစ်ဝကျွန်းပေါ်ဖြစ်ပေမယ့် သောက်သုံးရေရှားတဲ့ နေရာတွေမှာ လည်း   လုပ်ပေးပါတယ် ၊ နောက်တစ်ချို့နေရာတွေ ဆိုလို့ရှိရင် ရှိတဲ့ရေလှောင်ကန်တွေ ဘာတွေကို ပြန်ပြင်ပြီးတော့ အန္တာရယ်ကင်းအောင်လုပ်တာလည်း ရှိ်ပါတယ် ။ နောက် ဧရာဝတီတိုင်းဘက်မှာလည်း ရေရရှိပေမယ့် သောက်သုံးရေအဖြစ် သောက်သုံးဖို့ မသင့်တဲ့ဟာကို ပြန်ပြီးတော့ Clean water ဖြစ်အောင် ပြန်လုပ်တဲ့ ပရောဂျက်တွေပါဝင်တယ် ၊ အားလုံးပေါင်း ကျွန်တော်တို့ ပရောဂျက်ပေါင်း  ၂၀ ကို ကျွန်တော်တို့ လုပ်ခဲ့ပါတယ် ၊ နေရာတွေကတော့ ဧရာဝတီတိုင်းနှင့် ကျွန်တော်တို့ ခုနကပြောတဲ့ အညာဘက်တွေမှာ များ ပါတယ် ။

မေး ။             ။ ဧရာဝတီတိုင်းနှင့် အညာဒေသကို အဓိက ထားတာပေါ့လေ။ ထပ်ပြီးတော့ လုပ်မယ့် အစီအစဉ် ဘာတွေများ ရှိဦးမလဲ ။ခုနကပြောတဲ့ CSR ပဲဖြစ်ဖြစ် တခြားဒေသဖွံဖြိုးဖို့ပဲဖြစ်ဖြစ်၊ ပညာရေး အတွက်ပဲဖြစ်ဖြစ်၊ ကျန်းမာရေး အတွက်ပဲ ဖြစ်ဖြစ်ပေါ့ ။

ဖြေ။              ။ ကျွန်တော်တို့အခု ပညာရေးနှင့် ပတ်သက်ပြီး ကျွန်တော်ခုနကပြောတဲ့ 1 Minute 1 kyat ကို ဆက်ပြီးလုပ်နေပါတယ် ။ ရှေ့ဆက်ပြီးတော့ သွားနေပါတယ်။ နောက်ပြီးတော့ Clean water ဆိုရင်လည်း ကျွန်တော်တို့ ဆက်ပြီးတော့ ကြည့်နေပါတယ် ။ ကြည့်နေပြီးတော့ ရှေ့ဆက်ပြီးတော့ ပါတနာ Company တွေ Organization တွေနဲ့ ဘယ်နေရာမှာ ရှေ့ဆက်လုပ်လို့ ရမလည်းလို့ ကျွန်တော်တို့ ကြည့်နေပါတယ် ။ ဥပမာ ဆိုရင် လွန်ခဲ့တဲ့ ၂ ပတ်ကပဲ သာစည်ထဲမှာ ကျွန်တော်တို့ လှူဒါန်းခဲ့တဲ့နေရာတွေ ရှိပါတယ် ။ လှူထားခဲ့တဲ့ နေရာဆိုတော့   ရွာတစ်ရွာသွားတော့လည်း သူတို့အနေနဲ့က အိမ်ခြေအားလုံးပေါင်း ၆၀၀ ကျော် လောက်ရှိမယ် ။ ၆ဝဝကျော်လောက်မှာ ရေမလောက်တဲ့ အခြေအနေဖြစ်သွားတယ် ၊   အဲ့ဒီမှာဆိုရင်လည်း ရှေ့ဆက်ပြီးတော့ လှူဖို့ ကျွန်တော်တို့ လုပ်နေပါတယ် ၊ ကျွန်တော်တို့ ဒီဟာတွေနဲ့တင် ရပ်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နောက်ပိုင်းလည်း ရှေ့ဆက်သွားဖို့ ရှိပါတယ် ၊ ကျွန်တော်တို့ ပညာရေးလည်း အကုန်လုံးကို Completely ထုတ်ပြောလို့ မရပေမယ့် ကျွန်တော်တို့ အနေနဲ့ digital e learning အပိုင်းနဲ့ digital literacy အပိုင်းကို ကျွန်တော်တို့ သွားဖို့ အစီအစဉ်ရှိပါတယ် ခင်ဗျာ ။

မေး ။             ။   ကျွန်တော်တို့က ခေတ်သစ်ပညာရေးစနစ်မှာဆိုလို့ ရှိရင် e learning တို့ ၊ ဘာတို့က တခြားနိုင်ငံတွေမှာ တကယ့်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတဲ့ အခါမျိုးဖြစ်လာပြီဆိုတော့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ooredoo ရဲ့ planning ပေါ့ လေ။ ရေရှည် အစီအစဉ်ဘာတွေများရှိမလဲ။

ဖြေ။              ။ကျွန်တော်တို့ အခုဟာကတော့ planning and conservative ပဲရှိပါသေးတယ် ။ အဲဒီတော့ ကျွန်တော်တို့ကလည်း telecommunication company ဖြစ်တယ်ဆိုတဲ့အတိုင်း၊ နောက်ပြီးတော့ အကုန်လုံးလည်း သိတဲ့အတိုင်း၊  ကျွန်တော်တို့ ooredoo ဆိုရင် အင်တာနက် Speed မြန်တယ်ဆိုတာကို လူသိများတယ်ပေါ့နော် ။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ကလည်း ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်လို့ရမလည်း ဆိုပြီးတော့ ကျွန်တော်တို့ ကြည့်နေပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ဧပြီမတိုင်ခင်လေးမှာပဲ   အစိုးရ ကျောင်း ၅ ကျောင်းကို Pilot project အနေနဲ့ high speed connection ကျွန်တော်တို့ ဆက်ပါတယ် ။ ဆက်ပြီးတော့ ကျွန်တော်တို့ ပေးခဲ့ပါတယ် ။ ဒါတွေကတော့ နေရာအစုံပါပဲ မန္တလေးတိုင်းမှာပါတယ်၊ နေပြည်တော်နားမှာ ပါတယ် ။ ပဲခူးတိုင်းမှာ ပါတယ်ပေါ့နော် ။ အဲဒီလိုဟာမျိုးတွေကို စကေးလ် ကြီးကြီးနှင့်လုပ်ဖို့ သက်ဆိုင်ရာ ဌာနတွေ ပြောဖို့ ရှိပါတယ်။ ကျွန်တော်တို့ ပြောလည်းပြောနေပါတယ် ။ပြောပြီးတော့မှ ကျွန်တော်တို့ အနေနဲ့ ဘယ်လို support လုပ်လို့ရမလည်း၊ ဘာလို့လဲဆိုတော့  conventional learning ကတော့ ရှိတယ်ပေါ့နော် ။   e learning အနေနဲ့ဆိုရင် ပိုပြီးတော့ ထိရောက်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ။ ယုံကြည်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ရဲ့ Digital Life ကို ပိုကောင်းအောင်လုပ်ပေးမယ်ဆိုတဲ့ promise အတိုင်းကို ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ possibly  ပေါ့နော် ။ ဝန်ကြီးဌာနတွေနဲ့ ကျွန်တော်တို့ ပြောပြီးတော့ ကူညီပေးဖို့တွေ လည်းရှိပါတယ် ။

မေး။              ။ ကျောင်းတွေအပြင် တခြား public area ဖြစ်တဲ့ ရထားဘူတာရုံတို့၊ bus stop တွေမှာရော   ooredoo အနေနဲ့ service ပေးဖို့ ရေရှည်ရည်မှန်းချက် အနေနဲ့ရော ရှိပါသလား။

ဖြေ။              ။ အဲဒီဟာ့နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မရှိသေးဘူးလို့ ပြောလို့ရပါတယ် ။ ဒါပေမယ့် လုပ်ဖို့တော့ အရင်တုန်းကတော့   plan တွေရှိခဲ့ပါတယ်။ မသေချာသေးတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဘာမှ ပြောလို့မရသေးပါဘူး။

 မေး ။            ။  e learning နဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ထပ်ဖြည့် မေးချင်ပါတယ် ။   အခြေခံပညာကနေ စပြီးတော့ တက္ကသိုလ်ပညာရေးအထိပေါ့၊ တကယ်လို့ ooredoo  က e learning ကို စလုပ်မယ်ဆိုရင် ဘယ်အဆင့်က စလုပ်မယ်လို့ စဉ်းစားထားလဲ။

ဖြေ။              ။ စလုပ်မယ်ဆို ကျွန်တော်တို့ အောက်ခြေကနေ စလုပ်လို့ ရပါတယ် ။ အဲဒီအတွက်လည်း ရည်ရွယ်ပါတယ် ။ ဒါပေမယ့် ခုနကပြောတဲ့ e learning ဆိုတာ တကယ်တမ်းပြောလိုက်တော့  စကားလုံး ၂ ခုပါ၊ တကယ်တမ်း ပြောဖို့ကတော့ အရမ်း proud ဖြစ်ပါတယ် ။နောက်ပြီးတော့ resources တွေလည်း အများကြီးလိုတယ်ခင်ဗျ။ အခုဆိုလို့ ရှိရင် ကျွန်တော်တို့ ဒီ project နဲ့တော့ third project ပေါ့နော်၊ e learning အနေနဲ့ ကျွန်တော်တို့ library တွေမှာ လှူထားတဲ့ project တွေလည်း ရှိပါတယ် ။ ကျွန်တော်တို့ e Library တွေပေါ့နော် ၊ ကျွန်တော်တို့Connection တွေပေးထားတယ် ၊ device တွေပေးထားတယ် ။ အဲဒီတွေမှာတော့ အခုတော့ စနေပြီ၊ စနေတယ်ဆိုတော့ ဒီ Library တွေမှာ Community centre အနေနဲ့ ကျွန်တော်တို့ digital connection တွေပေးပြီးတော့ device တွေပေးပြီးတော့ သင်ပေးနိုင်ဖို့မျှော်လင့်ပါတယ် ။ အဓိကက   device တွေ connection တွေပေးလိုက်တာတစ်ခု၊ ပြီးတော့ အသုံးမချတတ်ရင်၊ အသုံးမချနိုင်ရင် ဒါတွေက အလကား ဖြစ်သွားမှာပဲ။ ကျွန်တော်တို့က အဲဒီဟာကို ဘက်ပေါင်းစုံဖြစ်အောင် ကျွန်တော်တိုက ကြည့်နေမှာ ။ နောက်တစ်ခုကလည်း ကျွန်တော်တို့ကူညီထားတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ဆိုရင် ကြားဖူးမယ်လို့ထင်ပါတယ်။   မန္တလေးက ဖောင်တော်ဦး ဆရာတော်မှာဆိုရင် အခု ကျွန်တော်တို့ လှူထားခဲ့တဲ့ Support လုပ်ထားခဲ့တဲ့ ဖောင်တော်ဦးထဲက ကျောင်းတွေ တော်တော်များများ ပါပါတယ် ။ တော်တော်များများ ပါတော့ ဖောင်တော်ဦးဆရာတော်မှာဆိုရင် သူရဲ့ e learning ကတော်တော်များများ ကြီးကို advance ဖြစ်တယ်၊ ဆိုတော့ ကျွန်တော်တို့လည်း အဲဒီဟာကို ဘယ်လိုလုပ်လို့ရမလဲဆိုတာတွေ ကျွန်တော်တို့ ကြည့်နေ ပါတယ်။  ကျွန်တော်တို့ အနေနဲ့က တတ်နိုင်တဲ့နေရာကနေပဲ ကျွန်တော်တို့ အရင်စလုပ်တာပဲ ။ဆိုတော့  ကျွန်တော်တို့ လှူထားခဲ့တဲ့ ကျောင်းတွေ မှာပဲ ကျွန်တော်တို့  ထားခဲ့မယ်၊ ထားပြီးလို့ ရှိရင် computer တွေ connection တွေ ကျွန်တော်တို့ ထားပေး ခဲ့ပါတယ် ။ ပေးထားခဲ့ပြီးတော့မှ ကျွန်တော်တို့ဘက်က ရှေ့ဆက်ပြီးတော့မှ provide လုပ်လို့ရမယ့်ဟာတွေကို ကျွန်တော်တို့ plan တွေ ဆွဲနေပါတယ်။ ပါတနာတွေနဲ့လည်းပြောနေတယ် ။ ဥပမာ သူတို့အနေနဲ့ ဖွင့်လို့ရမယ့် module တွေရှိမယ် ။ ဥပမာဆို online မှာ library အနေနဲ့ ဖွင့်လို့ရမယ် ။ ကလေးတွေ ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့အချိန်မှာ ဆွဲထုတ်ပြီးကြည့်လို့ရမယ့် ဟာရှိမယ်။ နောက်တစ်ခုကျတော့ live learning ပေါ့နော်၊ ဒီလို Studio ထဲမှာလွှတ်ဖို့၊ အဲဒီဟာကတော့ ကျွန်တော်တို့ စကားပြောရုံပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ အရင်တုန်းကတော့ International  well known  programme တွေကို မြန်မာလိုပြန်ပြီးတော့ လုပ်ထားခဲ့ပေးတာတွေလည်း ရှိပါတယ် ။ အဲဒီဟာတွေနှင့် ကျွန်တော်တို့ ကလေးတွေကို စပေးမယ် ။ ဥပမာ ဆိုရင်ဗျာ LG viral တို့ ၊ ဒီလိုဟာတွေမှာ သူတို့ကို Short cut လေးတွေနဲ့ သင်ပေးတဲ့ online ပလက်ဖောင်း တစ်ခုကို ကျွန်တော်တို့ support လုပ်ထားခဲ့တာ ရှိပါတယ်။ အဲဒီဟာနှင့် ကျွန်တော်တို့ စပါမယ် ။ ကျန်တဲ့ကျောင်းတွေ အနေနဲ့ကတော့ ခုနကပြောသလိုပဲ၊ ၂ ပိုင်းမှာ ကျွန်တော်တို့ အကုန်လုံး ပြည့်စုံမှပဲ ဖြစ်နိုင်မယ့်အတွက်ကြောင့် ကျွန်တော်တို့ on the way ပဲ ပြောဖို့ ရှိပါတယ် ။

မေး ။             ။   အရင်တုန်းကဆိုရင် Communication နှင့် ပတ်သက်ရင် စာတိုက်ကိုပဲ အားကိုးနေရ တာပေါ့၊  အခုဆိုလို့ ရှိရင် အင်တာနက်ကို အခြေပြုပြီးတော့မှ  ကျန်းမာရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ အင်တာနက်ကို အခြေပြုပြီးတော့ ဒီ operator တွေကနေ  သွားတာပေါ့ ၊ ဆိုတဲ့ အခါကျတော့   ဆက်သွယ်ရေးကွန်ရက်တွေ ဒီလိုမျိုး အားကောင်းလာတဲ့ အခါမှာ  ဒီလူမူဘဝတွေက ဘယ်လောက်ထိိ ဖွံဖြိုး တိုးတက်လာတယ် လို့ ယူဆလို့ရမလဲ။

ဖြေ ။             ။ များများ ကျွန်တော်တို့ ပြန်ကြည့် စရာတော့ မလိုဘူးလေ ၊ အကုန်လုံး သိတဲ့အတိုင်းပဲ နိုင်ငံခြား operator တွေ မြန်မာနိုင်ငံမှာ စခဲ့တာဆိုရင် ၂၀၁၄ မတိုင်ခင်က၊   အင်တာနက်ဆိုတာ speed လည်း တော်တော် နှေးတယ် ၊ access လည်းမရှိဘူး။  အဲဒီတော့ လူတွေက  သုံးချင်တယ်၊ သုံးလို့မရတဲ့ အခြေအနေ တွေ ရှိပါတယ်။ အဲဒီတော့ အခုနောက်ပိုင်း ဒီ Speed တွေဘာတွေ မြန်လာတယ်ဆိုတော့ လူတွေ မျက်စိပွင့် နားပွင့် ပိုဖြစ်လာတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်ခင်ဗျာ့ ။  လူမူဘဝတွေ ဘယ်လိုတိုးတက်လာလည်း ဆိုတော့ learning ဆိုလို့ရှိရင် အခုချိန်မှာ   တောမှာနေတဲ့သူကလည်း တကယ်တမ်း ဘယ်နေရာမှာ ကြည့်လို့ရမလဲ၊ အဆိုးအကောင်းကတော့ ဘယ်လိုသုံးလဲဆိုတဲ့ပေါ် မူတည်သွားမှာပေါ့ ။ဥပမာ တကယ်တမ်းသင်ချင်တဲ့ လူဆိုလို့ရှိရင် ဘယ်နယ် ဘယ်နေရာမှာပဲနေနေ Connection ရှိလို့ရှိရင် ဖုန်းပေါ်မှာ သူကြည့်ပြီးတော့ ဘာကိုဘယ်လိုလေ့လာလို့ ရမလဲသင်ယူလို့ရမလဲ ဆိုတာ တကယ့် ကို possibility ကတော့ endless ပါ ။ ဒါကတကယ် အသုံးချချင်တဲ့သူပေါ့ ဒါကိုအသုံးမချပဲ Entertainment အတွက်ကျတော့လည်း Entertainment ပေါ့။ ဥပမာဆိုလို့ရှိရင် မြန်မာနိုင်ငံမှာလည်း ဘောလုံးပွဲကြိုက်ကြတာ လူတိုင်းသိပါတယ်။ ကမ္ဘာ့ဖလားပွဲဆို ပိုဆိုးတယ် ။ မြန်မာနိုင်ငံတွင်တင်မဟုတ်ဘူး နိုင်ငံခြားတွေမှာ ဆိုရင်တောင် အဲဒီအချိန်တွေ ဆိုရင် ဘားတွေမှာ သွားကြည့်ကြတဲ့ အခါလည်းရှိတယ်ပေါ့နော်။ အဲဒီတော့ သူတို့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ဆိုရင် ooredoo ကနေပြီးတော့  ကျွန်တော်တို့ ooredoo alfa ကနေ တဆင့် ပေါ့နော် ။ မြန်မာနိုင်ငံမှာ ပထမဆုံး live ကြည့်လို့ရတဲ့ဟာကို ကျွန်တာ်တို့ စီစဉ်ခဲ့ပါတယ် ။ အဲဒီတော့ ကျွန်တော်ပြောချင်တာက အဲဒီဟာဆိုလို့ရှိရင်ဗျာ၊ လက်ဖက်ရည်ဆိုင်လည်း သွားစရာမလိုတော့ဘူး ။  အိမ်ကိုလည်း ပြန်စရာ မလိုတော့ဘူး။   အဲဒီတုန်းကဆို ကျွန်တော်တို့ မှတ်မိတာက Taxi သမားတွေ အရမ်းသဘောကျကြတယ် ။ ဘာလို့လဲဆိုတော့ သူတို့အလုပ်လုပ်နေရင်းနှင့်ပေါ့ Hopefully ပေါ့ဗျာ၊ ကားမောင်းနေရင်းတော့ သူတို့ မကြည့်ဘူးလို့ ယူဆပါတယ် ။ ဒါပေမယ့် ရောက်တဲ့နေရာမှာတော့ သူတို့ ကြည့်လို့ရတာပေါ့ဗျာ ။ အဲဒီတော့ ဒီလူနေမူဘဝတွေက အဲဒီလိုတော့ အရမ်းကွာသွားပါတယ် ။ အဲဒီတော့ ကျွန်တော်ခုနကပြောသလိုပဲ ကိုယ် အသုံးချတဲ့ပေါ်မှာ မူတည်သွားတာပေါ့။ ပညာလိုချင်တဲ့လူ ပညာအရမ်းရနိုင်တာရှိတယ် ၊ Entertainment လိုချင်တဲ့လူ Entertainment ရနိုင်တယ် ။ အဲဒီတော့ ဒါတွေ Commonication ကောင်းလာတဲ့ အခါကျတော့ အရင်ဘဝတွေကတော့ တော်တော်ကြီးပြောင်းသွားတယ်လို့ ထင်ပါတယ် ။

မေး ။             ။ ဟုတ်ကဲ့ပါ ။ကျေးဇူးတင်ပါတယ်  ။ နည်းနည်းထပ်ဖြည့် ပြောချင်တာ ရှိသေးလားမသိဘူး ခင်ဗျ ။

ဖြေ။              ။ မရှိတော့ပါဘူးခင်ဗျာ့ ။အခု ကျွန်တော်တို့ အနေနဲ့လည်း ဒီ programme မှာ ပါခွင့်ရလို့ ကျေးဇူးတင်ပါတယ် ။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly