ဟောင်ကောင်ခေါင်းဆောင် နှုတ်ထွက်ရေး လူပေါင်း နှစ်သန်းမက ဆန္ဒပြ

ဟောင်ကောင်ခေါင်းဆောင် နှုတ်ထွက်ရေး လူပေါင်း နှစ်သန်းမက ဆန္ဒပြ

ဟောင်ကောင်၊ ဇွန် ၁၇ ။           ။ တရုတ်ဆီ တရားခံလွှဲပြောင်းတဲ့ ဥပဒေကို ဆန့်ကျင်ကြတဲ့ ဟောင်ကောင်ပြည်သူ အင်အား နှစ်သန်းကျော်ထက်မနည်းကြောင့် ဟောင်ကောင်အာဏာပိုင်တွေအတွက် ကြီးမားတဲ့ ဖိအားနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

တရုတ်ကို  ထောက်ခံတဲ့ ခေါင်းဆောင် ကယ်ရီလမ်းဟာ ခုလို ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားရတာအတွက် တောင်းပန်စကားဆိုပေမယ့် ရာထူးက နုတ်ထွက်ဖို့ကိုတော့ ငြင်းဆန်ပါတယ်။

သမိုင်းတွင်တဲ့ ခု ဆန္ဒပြအင်အားဟာ ပူပြင်းတဲ့ နေရောင်အောက်မှာ ချီတက်ဆန္ဒပြကြရင်း ကယ်ရီလမ်း နုတ်ထွက်ရေးကို တောင်းဆိုကြပါတယ်။

ဟောင်ကောင်အာဏာပိုင်တွေဟာ ပြည်သူတွေ ဆန့်ကျင်ကန့်ကွက်နေတဲ့ တရုတ်ဆီ တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ရပ်ဆိုင်းကြောင်း ခုချိန်မှာ ကြေညာလိုက်ပေမယ့် အပြီးဖျက်သိမ်းတာတော့ မရှိသေးပါဘူး။

ဆန္ဒပြသူတွေဟာ မြို့ရဲ့ ပါလီမန်အဆောက်အအုံဆီ ဦးတည်ပြီး လမ်းတွေအသွယ်သွယ်ကို ဖြတ်သန်းလျက် ချီတက်ဆန္ဒပြကြတာပါ။ ပွဲစီစဉ်သူတွေက ဆန္ဒပြအင်အားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တစ်သန်းရှိခဲ့တာထက် နှစ်ဆနီးပါး ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

တရုတ်ကို ပံ့ပိုးတဲ့ အဲဒီ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းအရ ပြည်သူတွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တရုတ်တရားရုံးတွေရဲ့ စီရင်တာကို ခံရလိမ့်မှာဖြစ်ပြီး ဘေးကင်းတဲ့ စီးပွားရေးအချက်အချာအဖြစ် ဟောင်ကောင်ရဲ့ နာမည်ဂုဏ်သတင်းကိုပါ ပျက်စီးစေလိမ့်မှာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly