အမေရိကန်ကို လက်တုန့်ပြန်ပြီး သွင်းကုန်တစ်ချို့အပေါ် အခွန်အကောက်များ အိန္ဒိယ တိုးမြှင့်ကောက်ခံ

အမေရိကန်ကို လက်တုန့်ပြန်ပြီး သွင်းကုန်တစ်ချို့အပေါ် အခွန်အကောက်များ အိန္ဒိယ တိုးမြှင့်ကောက်ခံ

ဇွန် ၁၆ ။          ။ အမေရိကန်ကနေ သွင်းနေသည့် ကုန်ပစ္စည်းတစ်ချို့အပေါ်တွင် မြင့်မားသည့် အခွန်အကောက်များ ဇွန်လ ၁၆ ရက်မှစပြီး ကောက်ခံကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်လိုက်သည်။

ယင်းသည် နယူးဒေလီအတွက် အဓိကကျသော ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများကို အမေရိကန်တို့ဘက်က ပြန်လည် ရုပ်သိမ်းသွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယက ပြန်လည်လက်တုန့်ပြန်သောအားဖြင့် ယခု အခွန်များကို ကောက်ခံခြင်း ဖြစ်သည်ဟု သိရသည်။

မက်မွန်သီး၊ ပန်းသီး၊ သစ်ကြားသီး စသည်တို့အပါအဝင် အမေရိကန် ထုတ်ကုန်ပစ္စည်း အမျိုးအစား ၂၈ မျိုးအပေါ်မှာ မြင့်မားသည့် အခွန်အကောင်များ ကောက်ခံမှာဖြစ်ကြောင်း သိရသည်။

အဆိုပါ အခွန်အကောက်သစ်များကို ဇွန် ၁၆ ရက်မှာ စတင် အသက်ဝင်စေမည် ဖြစ်ကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် ၀ါရှင်တန်အနေဖြင့် နယူးဒေလီနှင့်အကြား ဆက်ဆံရေး မြှင့်တင်ရန် ကြိုးပမ်းနေသည် ဆိုသော်ငြားလည်း ယခုအခါ ယင်းနှစ်နိုင်ငံကြားတွင်လည်း ကုန်သွယ်မှု တင်းမာမှုများ ပေါ်ပေါက်လာနေခဲ့ပြီ ဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly