လူငယ်မူဝါဒ စာအုပ်ကို ပြုပြင်ပြောင်းလဲလွယ်အောင် ပြုလုပ်ထားကြောင်း သိရ

16 June 2019
လူငယ်မူဝါဒ စာအုပ်ကို ပြုပြင်ပြောင်းလဲလွယ်အောင် ပြုလုပ်ထားကြောင်း သိရ

လူငယ်မူဝါဒစာအုပ်ကို ပြုပြင်ပြောင်းလဲလွယ်အောင် ပြုလုပ်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

"လူငယ်တွေကိုယ်တိုင်က အားတက်သရောပါဖို့ အဓိက အရေးကြီးတဲ့၊မူဝါဒနှင့်ပတ်သက်ရင် ပုံသေ ကာချပ် ဒီစာအုပ်ကြီးအတိုင်းလုပ်နေဖို့မဟုတ်ဘူး။ ဒါဟာ လူငယ်တွေကိုယ်တိုင်က တကယ့် လက် တွေ့မှာ လိုအပ်ချက်အဖြစ်ဆုံးဟာတွေ ထည့်ထားတယ်။ ပြီးပြည့်စုံတယ် ပြောလို့မရဘူး။ ဒါ တသက် လုံး မှန်မယ်ပြောလို့မရဘူး။ ပြုပြင်ပြောင်းလဲလွယ်အောင်လုပ်ထားတဲ့၊မူဝါဒရေးဆွဲထဲက တစ်နှစ်ကို တစ်ခါ ပြန်လည်စမ်းစစ်ပြီးတော့ ပြောင်းလဲလို့ရရင် ဒီထဲမှာပါတဲ့ ဒါတွေက ပြုပြင်ပြောင်းလဲလို့ ရတယ်။ ဒီထက်ကောင်းတာရှိရင်ထည့် တချို့ လုပ်လိုကိုင်လို့ခက်တယ် အကောင်အထည် မပေါ်ဘူးဆိုရင် မလုပ်ဖူး”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

ပုသိမ်မြို့တော်ခန်းမတွင် ပြုလုပ်သော လူငယ်များနှင့်တွေ့ဆုံပွဲတွင် လူငယ်ရေးရာမူဝါဒနှင့် ပတ် သက်ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးက ဇွန်လ၁၅ရက် နေ့တွင်ပြောခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး- စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly