ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ခရေပင် ၅၀၀ စိုက်ပျိုး

16 June 2019
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ခရေပင် ၅၀၀ စိုက်ပျိုး

လာမဲ့ ဇွန် ၁၉ ရက်နေ့မှာ ကျရောက်မဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက် (၇၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ခရေပင် ၅၀၀ ကို ဒဂုံအရှေ့မြို့နယ်မှာရှိတဲ့ ဗိုလ်မှူးဗထူးလမ်းနဲ့ ကျန်စစ်သားလမ်းထိပ်က ဒဂုံတက္ကသိုလ်အထွက်ပေါက်နားမှာNLD ပါတီဝင်တွေက စိုက်ပျိုးခဲ့ကြပါတယ်။

 “ ဒီနေ့ ဒီမှာစိုက်တဲ့သစ်ပင်ဟာ ခရေပင်ချည်းပဲဖြစ်တာ အင်မတန် ထူးခြားမှုပါ။ ခရေပင်အပင် ၅၀၀ ရဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ လာမဲ့ ၂၀ ရက်နေ့ဆို ရင် မြို့နယ်တစ်မြို့နယ်ကို သစ်ပင်က ၂၀၀၀ နှုန်းစီ၊  ၄ ဧက ကျယ်တဲ့ လှော်ကားမှာ ကျွန်တော်တို့ စိုက်သွားမယ်။ ဒါကတော့ မြို့နယ်ပေါင်းစုံ တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်ပေါင်းစုံ သစ်ပင်ကလည်း ပေါင်းစုံဖြစ်ပါတယ်” လို့ တာမွေမြို့နယ် ဒုဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

မွေးနေ့အထိမ်းအမှတ်အပြင် လာမဲ့ ဇွန် ၂၀ ရက်နေ့မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လှော်ကားဥယျာဉ် ထဲက မြေ ၄ ဧကထဲမှာ သစ်ပင်တွေ ဆက်လက်စိုက်ပျိုးသွားဖို့ ရှိနေပါတယ်။

ရိုက်ကူး၊တည်းဖြတ်-စိုးသူအောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly