ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄)နှစ်ပြည့် မွေးနေ့အကြို

16 June 2019
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄)နှစ်ပြည့် မွေးနေ့အကြို

လာမယ့် ဇွန်လ (၁၉)ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြိုအဖြစ် နေပြည်တော်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အကောင်အထည်ဖော်နေတဲ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ထဲက “လရောင်တော” စီမံကိန်း နေရာမှာ မွေးနေ့ပွဲအကြိုကို ကျင်းပခဲ့တာပါ။

စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ လရောင်တော အဖွဲ့သားတွေက ကျင်းပပေးခဲ့တဲ့ မွေးနေ့ပွဲအကြို ဒီဗီဒီယိုဖိုင်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုံခြုံရေး ချယ်ရီထက်က သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်မှာ “အသက်ရှည်ကျန်းမာပါစေ” လို့ စာရေးပြီး တင်ထားတာ ဖြစ်ပါတယ်။

“လရောင်တော” လို့ စီမံကိန်းဟာ မြေဧက ၁ဝဝပေါ်မှာ စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း တည်ဆောက်နေတာ ဖြစ်ပါတယ်။

ဇွန်လ ၁၉ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄)နှစ်ပြည့်် မွေးနေ့အခမ်းအနားကိုတော့ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ လွှတ်တော်ရေးရာကော်မတီဆောင် I-12 မှာ ကျင်းပမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly