ဂျပန်နိုင်ငံက မြန်မာလူမျိုးဖက်ရှင်ဒီဇိုင်နာ

16 June 2019
ဂျပန်နိုင်ငံက မြန်မာလူမျိုးဖက်ရှင်ဒီဇိုင်နာ

အသက် ၈ နှစ်အရွယ်လောက်ကစပြီး ဂျပန်နိုင်ငံမှာ ပြောင်းရွေ့နေထိုင်ခဲ့တဲ့ မြန်မာလူမျိုး Shibuya Zarny ဟာ လက်ရှိမှာတော့ ဂျပန်နိုင်ငံမှာ ဒီဇိုင်နာတစ်ယောက်အဖြစ် လုပ်ကိုင်နေပြီး မြန်မာလူမျိုးဒီဇိုင်နာတစ်ယောက်အဖြစ် လူသိများလျှက်ရှိပါတယ်။

မြန်မာနိုင်ငံမှာမွေးပြီး ဂျပန်နိုင်ငံမှာကြီးပြင်းလာတဲ့ Zarny ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေး ၊ ဝန်ကြီးကတော်နဲ့ ဘုရင်၊ မင်းသမီးတွေရဲ့ ဒီဇိုင်နာအဖြစ်လုပ်ကိုင်လျှက်ရှိပြီး တိုကျိုမြို့၊ ရှန်ဟိုင်းမြို့ နဲ့ ဆိုးလ်မြို့တွေမှာလည်း သူ့ရဲ့ ဖက်ရှင်စျေးကွက်ကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။

“ဒီ မြန်မာထမင်း၊ မြန်မာဟင်းကို ကျွန်တော် ပထမဦးဆုံး ဂျပန်ဘုရင့်အသိုင်းအဝိုင်းကို ကြိုဆိုကျွေးခဲ့တာ ကျွန်တော် ပထမဦးဆုံးပဲ။ နောက်ပြီး ဂျပန် Prime minister ရဲ့ ကတော်က ပထမဦးဆုံး မြန်မာလုံချည်ကို ဝတ်တယ်။ အဲ့တာလည်း ကျွန်တော် ဖန်တီးခဲ့တာပဲ။ အဲ့တာက ဘာဖြစ်လို့လဲဆိုတော့ မြန်မာအနုပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ မာနနဲ့ ကျွန်တော်ဖြစ်ချင်တဲ့ စိတ်ထားပေါ့”  လို့ Zarny က ပြောပါတယ်။

ရိုက်ကူး / တည်းဖြတ် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly