ONE Championship တွင် မြန်မာကစားသမားများ ချန်ပီယံ ဖြစ်နိုင်ချေ အလားအလာ

ONE Championship တွင် မြန်မာကစားသမားများ ချန်ပီယံ ဖြစ်နိုင်ချေ အလားအလာ

ONE Championship ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်  ခဲ့ဖူးသည့် မြန်မာ ကစားသမား အများအပြား ရှိခဲ့ပြီး လက်ရှိတွင်လည်း ပွဲအရေအတွက်နှင့် စာချုပ်ချုပ်ဆို ယှဉ်ပြိုင်နေသည့် ကစားသမားများ ရှိကြသည်။ သို့သော် အဆိုပါ ကစားသမားများထဲတွင်ချန်ပီယံခါးပတ်ရရှိခဲ့ဖူးသည့်ကစားသမားဟူ၍မစ်ဒယ်ဝိတ်နှင့်လိုက်ဟဲဗီးဝိတ်ဝိတ်တန်းနှစ်တန်းချန်ပီယံအောင်လအန်ဆန်တစ်ဦးသာရှိနေသည်။ထို့ကြောင်ကျန်ကစားသမားများအနေဖြင့်လည်း၎င်းတို့ ဝိတ်တန်းတွင် ချန်ပီယံ ဖြစ်နိုင်ချေ အလားအလာ မည်မျှအထိ ရှိကြောင်း သုံးသပ်တင်ပြလိုက်ရ ပါသည်။ ယခုစာစုတွင် လက်ရှိကစားနေသူများကို ဦးစားပေး ဖော်ပြထားခြင်း ဖြစ်သည်။

ဖိုးသော်

ဖယ်သာဝိတ်တန်းတွင် ပါဝင်ယှဉ်ပြိုင် နေသည့်“ဘူရှီဒို” ဖိုးသော်သည် လတ်တလော ပွဲဆိုင်း ၈ ပွဲ ယှဉ်ပြိုင် ထိုးသတ်ပြီး ချိန်တွင် ၇ ပွဲ နိုင်ပြီး ၁ ပွဲသာ ရှုံးနိမ့်ထားသည်။ နိုင်ပွဲ ၇ ပွဲ တွင်လည်း အမှတ်ဖြင့် အနိုင်ရသည့် ပွဲဆိုင်း တစ်ပွဲသာ ရှိခဲ့ပြီး ကျန် ၆ ပွဲကို ပထမ အချီတွင်ပင် အလဲထိုး/ဒိုင်ပွဲရပ် ရလဒ်များဖြင့် အနိုင်ရထားခြင်း ဖြစ်သည်။

ထို့ကြောင့် ဖိုးသော်၏ နိုင်ပွဲ ရာခိုင်နှုန်းသည် ၈၇ ဒသမ ၅ အထိရှိရာလက်ရှိဝိတ်တန်းချန်ပီယံMartinNguyenထက်ပင်ရလဒ်ပိုကောင်းနေသေးကြောင်းတွေ့ရသည်။၎င်းထက်ရလဒ်ပိုကောင်းသူမှာ၅ပွဲစလုံးအနိုင်ရထားသည့် အမေရိကန်သား GarryTonon တစ်ဦးသာ ကျန်တော့သည်။

ဖယ်သာဝိတ်တန်းတွင် လက်ရှိချန်ပီယံ Martin Nguyen ကို စိန်ခေါ်လိုသည်ဆိုလျှင် ဖိုးသော် အနေဖြင့် ,JadambaNarantungalagစသည့်ကစားသမားများနှင့်အစမ်းသပ်ခံရန်လိုအပ်နေသည်။ ထို့ပြင် ယင်းဝိတ်တန်းတွင် ချန်ပီယံမဖြစ်ဖူးသော်လည်း လက်စွမ်းထက်သည့် ကစားသမားများဟု သတ်မှတ်ကြသည့်LiKai Wen,EdwardKelly,KeanuSubba,BrunoPucci စသည့် ကစားသမားများကို ကျော်ဖြတ်နိုင်ရန်လည်းလိုအပ်သည်။

ထို့ကြောင့် ဖိုးသော် အနေဖြင့် ဖယ်သာဝိတ်တန်း ချန်ပီယံ ဖြစ်နိုင်ရေးခရီးလမ်းတွင် အချိန်၊ အတွေ့အကြုံနှင့် ကြိုးစား အားထုတ်မှု များစွာ လိုအပ်နေသေးသည်။

အန်တိုနီယာလက်ရှိ တွင် ONE ၏ တစ်ဦးတည်းသော မြန်မာ အမျိုးသမီး ကိုယ်ခံပညာကစားသမားဖြစ်သူဘိုဇီနာ “တိုတို” အန်တိုနီယာသည် ပွဲဆိုင်း ၃ ပွဲသာ ယှဉ်ပြိုင်ခဲ့ဖူးသေးပြီး ၂ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသည်။ အနိုင်ရသည့် နှစ်ပွဲစလုံးကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သော်လည်း ပထမတစ်ဦးမှာ ၎င်းနှင့်ဘဝတူ ပထမဆုံး ONE Championship ပွဲဦးထွက်သည့် တစ်နိုင်ငံတည်းသူရွှေစင်ကို၂၄ စက္ကန့်နှင့် ပွဲသိမ်းခဲ့ခြင်း ဖြစ်သည်။

ဒုတိယနိုင်ပွဲမှာလည်း ONE တွင် နိုင်ပွဲလုံးဝ မရဖူးသေးသည့် မလေးရှားသူAudreylauraBoniface Raphael ကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။အတန်အသင့်နာမည်ရှိသည့် ထိုင်းနိုင်ငံသူ RikaIshige ကိုမူ ပထမအချီတွင်ပင် ရှုံးနိမ့်ထားသည်။

အန်တိုနီယာ လက်ရှိ ယှဉ်ပြိုင် ကစားနေသည့်အမျိုးသမီးအက်တမ်ဝိတ်တန်းတွင်လက်ရှိချန်ပီယံမှာအကောင်းဆုံးလက်ရည်နှင့်အသက်အရွယ်ကိုရောက်နေသည့်နာမည်ကြီးAngelaLeeဖြစ်သည်။၎င်းကိုစိန်ခေါ်နိုင်ရန်ဆိုလျှင် အင်ဒိုနီးရှားသူPriscillaHertati Lumban Gaol, ဂျပန်သူMei Yamaguchi စသူတို့နှင့် အစမ်းသပ်ခံရန် လိုအပ်သလိုJenny Huang,Gina Iniong,Istela Nunes စသည့် ကစားသမား များကိုလည်း အစွမ်းပြ အနိုင်ယူရန် လိုအပ်သည်။ ထို့ကြောင့် အန်တိုနီယာ အတွက် ချန်ပီယံ ခရီးလမ်း သည်လမ်း ခက်ခဲ ကြမ်းတမ်းဦးမည် ဖြစ်သည်။

တီရဲလ်ထန်


 Dragon Leg” တီရဲလ်ထန် အနေဖြင့် ONE Championshipတွင် တစ်ပွဲသာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသေးသည့် ကစားသမား ဖြစ်ပြီး ယင်းပွဲတွင် ကမ္ဘောဒီယားသားRinSaroth ကို အမှတ်ဖြင့် အနိုင်ရထားသည်။ သို့သော် Sarothသည် ONE တွင် ၆ ပွဲ ကစားပြီး ၄ ပွဲရှုံးခဲ့သည့် ကစားသမား ဖြစ်၍ တီရဲလ်ထန်၏ စွမ်းရည်ကို ချီးကျူးရန် စောသေးသည်ဟု ဆိုနိုင်သည်။

အောင်လအန်ဆန်၏ အနီးကပ် ကြီးကြပ်သင်ကြားပေးမှု များကြောင့် ကစားသမားကောင်းတစ်ဦး ဖြစ်လာရန် သေချာသော်လည်း လက်ရှိတွင် အကောင်းဆုံး လက်စွမ်း ရနေပြီဟု မဆိုနိုင် သေးပေ။

တီရဲလ်ထန်၏ ဘန်တန်ဝိတ်တန်းတွင် လက်ရှိ ချန်ပီယံမှာ ဘရာဇီးလ်သားBibiano Fernandes ဖြစ်ပြီး ONE ၏ သက်တမ်း အကြာဆုံး ချန်ပီယံလည်း ဖြစ်သည်။ ထို့ပြင် ချန်ပီယံဆုကို လုယူဖူးသည့် Kevin Belingon နှင့် ချန်ပီယံစိန်ခေါ်သူများဖြစ်ကြသည့်AndrewLeone,ReeceMcLaren,ToniTauru,DaeHwanKimစသည့်ကစားသမားများလည်းယှဉ်ပြိုင်နေကြသည်။တီရဲလ်ထန်အနေဖြင့်ယင်းဝိတ်တန်းတွင်ချန်ပီယံဆုကိုစိန်ခေါ်နိုင်ရန်နှင့် အတွေ့အကြုံ အတွက် နောက်ထပ် ပွဲပေါင်းများစွာ ဖြတ်သန်းရဦးမည် ဖြစ်သည်။

ရဲသွေးနီ

ONEChampionship၏ မြန်မာကစားသမားများထဲ တွင်ရဲသွေးနီသည်အောင်လအန်ဆန်နှင့်ဖိုးသော်ပြီးလျှင် တတိယအများဆုံးပွဲကစားထားသူဖြစ်ပြီးစုစုပေါင်း၅ပွဲကစားထားရာတွင်  ၄ပွဲနိုင်ကာတစ်ပွဲသာရှုံးနိမ့်ထားသည်။ သို့သော် ရဲသွေးနီ အနိုင်ရခဲ့သည့် ၄ ပွဲ စလုံးမှာ နိုင်ငံတူ ရိုးရာလက်ဝှေ့သမားများနှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကာ ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်များအားလုံးအသုံးမပြုဘဲမတ်တပ်ရပ် တိုက်ခိုက်သည့်ပညာတစ်ခုတည်းဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ တစ်ပွဲတည်းသော ရှုံးပွဲမှာ ထိုင်းကစားသမားPongsiri Mitsatit နှင့် ပထမဆုံး ပွဲဦးထွက်ပွဲ ဖြစ်သည်။

ရဲသွေးနီ၏ စတောဝိတ်တန်းတွင် လက်ရှိ ချန်ပီယံမှာ ဖိလစ်ပိုင်သားJoshua Pacio ဖြစ်ပြီး ချန်ပီယံဟောင်းများ ဖြစ်သည့်Dejdamrong Sor Amnuaysirichoke,Yoshitaka Naito,Alex Silva,Yosuke Saruta စသည့် ကစားသမား အားလုံးလည်း လက်ရှိ ကစားနေဆဲ
 ဖြစ်သည်။

ထို့ပြင်နာမည်ကြီးCatalanညီအစ်ကို သုံးယောက်၊ရဲသွေးနီရှုံးနိမ့်ခဲ့ဖူးသည့်PongsiriMitsatit  တို့လည်းရှိနေသည်။ရဲသွေးနီအတွက်ချန်ပီယံဖြစ်ရေးအဓိက အခက်အခဲမှာမြေပြင်ချုပ်ကွက်များအားနည်းပြီးမတ် တပ်ရပ် တိုက် ခိုက်မှု ကို သာ အဓိက ထား ကစားရခြင်း ဖြစ်သည်။ ထို့ပြင် ၂ဝ၁၈ အောက်တို ဘာ နောက်ပိုင်း ONE Championship ၏ ပွဲများတွင် ရဲသွေးနီ ပါဝင်နိုင်ခဲ့ခြင်း
 မရှိသည်ကိုလည်း တွေ့ရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required