အပြောင်းအရွှေ့စျေးကွက်တစ်ခုအတွင်း အသုံးစရိတ် အမြင့်မားဆုံး သုံးစွဲခဲ့တဲ့ အသင်းများ

အပြောင်းအရွှေ့စျေးကွက်တစ်ခုအတွင်း အသုံးစရိတ် အမြင့်မားဆုံး သုံးစွဲခဲ့တဲ့ အသင်းများ

အပြောင်းအရွှေ့စျေးကွက်တစ်ခုအတွင်း အမြင့်ဆုံးသုံးစွဲခဲ့တဲ့ အသင်းအဖြစ် ရီးယဲလ်မက်ဒရစ်အသင်း ထိပ်ဆုံးက ရပ်တည်နေပြီးဖြစ်

လာလီဂါအင်အားကြီးအသင်း ရီးယဲလ်ဟာ ယခုနွေရာသီမှာ နာမည်ကြီးကစားသမားတွေကို ခေါ်ယူမှာ တုံဆိုင်း မနေပဲ လုပ်ဆောင်နေတာကို တွေ့ရပြီး အပြောင်းအရွှေ့သမိုင်းကြောင်းတစ်လျှောက်မှာ အမြင့်မားဆုံး သုံးစွဲတဲ့အသင်းအဖြစ်လည်း ရပ်နေပြီးဖြစ်ပါတယ်။

ရီးယဲလ်အသင်းအနေနဲ့ ကစားသမား နောက်ထပ်ခေါ်ယူမှုတွေ ပြုလုပ်လာအုံးမှာလားဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။

အပြောင်းအရွှေ့ရာသီကာလတစ်ခုအတွင်း အမြင့်ဆုံး သုံးစွဲခဲ့တဲ့ အသင်းတွေကို Goal.com က အောက်ပါအတိုင်း စုစည်းဖော်ပြထားပါတယ်။

#၁၀ အေစီမီလန် | ၂၀၁၇

အပြောင်းအရွှေ့အသုံးစရိတ် - ယူရို ၁၉၂ သန်း (ပေါင် ၁၇၂ သန်း/ဒေါ်လာ ၂၁၅ သန်း)

#၉ မန်ချက်စတာယူနိုက်တက် | ၂၀၁၄

အပြောင်းအရွှေ့အသုံးစရိတ် - ယူရို ၁၉၅ သန်း (ပေါင် ၁၇၄ သန်း/ဒေါ်လာ ၂၁၉ သန်း)

#၈ ချယ်လ်ဆီး | ၂၀၁၇

အပြောင်းအရွှေ့အသုံးစရိတ် - ယူရို ၂၀၆ သန်း (ပေါင် ၁၈၃ သန်း/ဒေါ်လာ ၂၃၁ သန်း)

#၇ မန်ချက်စတာစီးတီး | ၂၀၁၅

အပြောင်းအရွှေ့အသုံးစရိတ် - ယူရို ၂၀၈ သန်း (ပေါင် ၁၈၅ သန်း/ဒေါ်လာ ၂၃၃ သန်း)

#၆ ဘာစီလိုနာ | ၂၀၁၇

အပြောင်းအရွှေ့အသုံးစရိတ် - ယူရို ၂၁၈ သန်း (ပေါင် ၁၉၄ သန်း/ဒေါ်လာ ၂၄၅ သန်း)

#၅ မန်ချက်စတာစီးတီး | ၂၀၁၇

အပြောင်းအရွှေ့အသုံးစရိတ် - ယူရို ၂၄၉ သန်း (ပေါင် ၂၂၂ သန်း/ဒေါ်လာ ၂၇၉ သန်း)

#၄ ဂျူဗင်တပ်စ် | ၂၀၁၈

အပြောင်းအရွှေ့အသုံးစရိတ် - ယူရို ၂၅၇ သန်း (ပေါင် ၂၂၉ သန်း/ဒေါ်လာ ၂၈၈ သန်း)

#၃ ရီးယဲလ်မက်ဒရစ် | ၂၀၀၉

အပြောင်းအရွှေ့အသုံးစရိတ် - ယူရို ၂၅၉ သန်း (ပေါင် ၂၃၀ သန်း/ဒေါ်လာ ၂၉၀ သန်း)

#၂ ပဲရစ်စိန့်ဂျာမိန်း | ၂၀၁၇

အပြောင်းအရွှေ့အသုံးစရိတ် - ယူရို ၂၈၃ သန်း (ပေါင် ၂၅၂ သန်း/ဒေါ်လာ ၃၁၇ သန်း)

#၁ ရီးယဲလ်မက်ဒရစ် | ၂၀၁၉

အပြောင်းအရွှေ့အသုံးစရိတ် - ယူရို ၃၀၃ သန်း (ပေါင် ၂၇၀ သန်း/ဒေါ်လာ ၃၄၀ သန်း) (၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့အထိ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly