ယီမင်နိုင်ငံက လက်ထပ်ပွဲတစ်ခု လေကြောင် းတိုက်ခိုက်ခံရ၍ လူ ၁၃ ဦးသေဆုံး

ယီမင်နိုင်ငံက လက်ထပ်ပွဲတစ်ခု လေကြောင် းတိုက်ခိုက်ခံရ၍ လူ ၁၃ ဦးသေဆုံး

ယီမင်နိုင်ငံတွင်းရှိ သူပုန်ထိန်းချုပ်ရာ မြို့တစ်မြို့တွင် ကျင်းပနေသည့် မင်္ဂလာဆောင် လေကြောင်း တိုက်ခိုက်ခံရ၍ လူအနည်းဆုံး ၁၃ ဦး သေဆုံးခဲ့သည်။

မြို့တော် ဆာနားမှ အရှေ့တောင်ဖက် မိုင် ၆၀ အကွာရှိ ဆန်ဘန်းမြို့တွင် ယင်းတိုက်ခိုက်မှု ဖြစ်သည်ဟု မျက်မြင်များက ပြောသည်။

တိုက်ခိုက်မှုက မည်သူလက်ချက် ဖြစ်ကြောင်း မသိရသေးသော်လည်း ယီမင်တွင် ဟူသီသူပုန် များကို ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းများက လေကြောင်း ထိုးစစ်ဆင်လျက် ရှိသည်။

ပြီးခဲ့သည့်လအတွင်းကလည်း ပင်လယ်နီ ဆိပ်ကမ်းမြို့ မိုချာတွင် လက်ထပ်မင်္ဂလာဆောင် တစ်ခု လေကြောင်း တိုက်ခိုက်ခံရ၍ လူပေါင်း ၁၃၀ အနည်းဆုံး သေဆုံးခဲ့ရသည်။

ယင်းတိုက်ခိုက်မှုအတွက် ဆော်ဒီညွန်ပေါင်း တပ်ဖွဲ့က ၎င်းတို့ လက်ချက် မဟုတ်ဟု ငြင်းဆန် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly