အခက်ခဲဆုံးပြိုင်ဘက်ကို တိုက်စစ်ဖြင့်သာ ရင်ဆိုင်မည့် Chen Lei

အခက်ခဲဆုံးပြိုင်ဘက်ကို တိုက်စစ်ဖြင့်သာ ရင်ဆိုင်မည့် Chen Lei

ONEChampionship ၏ ပြိုင်ပွဲတစ်ခုဖြစ်သောONE:LEGENDARY QUEST ပြိုင်ပွဲကြီးတွင် ပြိုင်ဘက်အားတရစပ်တိုက်စစ်ဖြင့် ယှဉ်ပြိုင်ထိုးသတ်ရန် “RockMan” Chen Lei ပြင်ဆင်နေသည်။

တရုတ်သူရဲကောင်း Chen Lei သည် ရှန်ဟိုင်မြို့၊ Baoshan Arenaအားကစားရုံ၌ ၎င်း၏တရုတ်ပရိတ်သတ်များရှေ့မှောက်တွင် ပြိုင်ဘက် Anthony“The Archangel” Engelen အား ထိုးသတ်မည်ဖြစ်ရာ ပရိသတ်များအား ရင်ခုန်စိတ်လှုပ်ရှားရမည့်ပြိုင်ပွဲ ရသကို ပေးချင်နေသည်။

ယခင်က ၎င်း၏ယှဉ်ပြိုင်ထိုး သတ်မှုစတိုင်လ်ကြောင့် အခက်ကြုံဒုက္ခရောက်ခဲ့ရသည်ကိုဝန်ခံခဲ့သော်လည်း အသက် ၃ဝအရွယ် Chen Lei သည် ONE Championshipတွင် အောင်ပွဲရရှိရန်အပြင်းအထန်ကြိုးပမ်းခဲ့ရာ များစွာအောင်မြင်မှုရရှိခဲ့ပြီး  ပြိုင်ပွဲတစ်ပွဲ သာ ရှုံးနိမ့်ခဲ့ဖူးသေးသည်။

ထို့ကြောင့် ပုံမှန်မဟာဗျူဟာကို အနည်းငယ်ပြင်ဆင်ပြောင်းလဲရုံဖြင့်လာမည့်ဇွန်လ ၁၅ရက်၊ စနေနေ့တွင် ကျင်းပမည့် ၆၇.၅ ကီလိုဝိတ်တန်းပြိုင်ပွဲတွင် အနိုင်ရရှိမည်ဟု Chen က ယုံကြည်နေသည်။

“ ကြိုးဝိုင်းထဲမှာ ကျွန်တော်ရဲ့စတိုင်လ်ကို ပြောင်းလဲမှာ မဟုတ်ပါဘူး။ အမြဲတမ်း ဦးဆောင်တိုက်စစ်ဆင်တဲ့သူဖြစ်နေမှာပါပဲ။ အမြဲ တမ်းတိုက်စစ်သမားပေါ့” ဟု သူက ပြောသည်။

“ ဒါက တစ်ဘက်ပြိုင်ဘက်အပေါ် ဖိအားအများကြီးသက်ရောက်စေပါတယ်။ ဒါပေမဲ့ အရင်ကထက်စာရင် ကျွန်တော်ပိုပြီးစိတ်ရှည် ရှည်ထားပြီး ကစားသွားမှာပါ။ အခွင့်အလမ်းကို အမိအရစောင့်ပြီး ပြိုင်ဘက်ကို ပွဲသိမ်းမယ်”

“ကျွန်တော်ရဲ့ကျွမ်းကျင်မှုတွေကို အဆင့်မြှင့်တင်ရသလို ပြိုင်ဘက်အပေါ်ထိန်းချုပ်နိုင်စွမ်းကိုလည်း ပိုကောင်းအောင်ကြိုးစားရပါ တယ်။ဘာကိုပဲရင်ဆိုင်ရပါစေ ကိုယ်ဘက်ကနိမ့်ပါးသွားတဲ့အခြေအနေမျိုးကိုလည်း ရင်ဆိုင်နိုင်အောင် သင်ယူရပါတယ်။ သေချာ တဲ့အချက်က ပိုပြီးပေါက်ကွဲပြင်းထန်တဲ့တိုက်စစ်ဖြစ်မယ်ဆိုတာပါပဲ”

ONE Championship တွင် လက်ရှိအချိန်အထိ အနိုင်ပွဲလေးပွဲတစ်ပွဲချင်းစီ၌ ပြိုင်ဘက်အား Chen ပွဲသိမ်းပေးခဲ့သော တိုက်စစ် မုန်တိုင်းဒဏ်ကို Engelen တယောက်မလွဲမသွေ ရင်ဆိုင်ဖြတ်သန်းရတော့မည်ဖြစ်သည်။

ပြိုင်ဘက်နောက်တွန့် သွားစေရန် Chen သည် ပြင်းထန်သောထိုးနှက်မှုများလုပ်ဆောင်မည်ဖြစ်ပြီး ပိုမိုကောင်းမွန်လာသောမြေ ပြင်နည်းစနစ်များဖြင့်လည်း ၄င်းက တိုက်စစ်ဆင်ဦးမည်ဖြစ်သည်။ ဝိတ်တန်းတူရင် ဘက်မရွေးဘူးဟုဆိုရမည့် Chen သည် ပြိုင် ဘက်အား ဒိုင်ပွဲရပ်ဖြင့်အလဲထိုးမည်လား၊ သို့မဟုတ် ချုပ်ကွက်အလဲထိုးဖြင့်အနိုင်ယူမည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်
 နေပါသည်။

အင်ဒိုနီးရှားမှ Engelen သည် Chenအတွက် ပြိုင်ဘက်ကောင်းဟုဆိုရမည့်အားကစားသမားတစ်ဦးဖြစ်ပြီးONE Championship တွင် မတ်တပ်ရပ်လျှက်တိုက်ခိုက်မှုတွင် ပြင်းထန်အားပါသောထိုးနှက်ချက်များနှင့် မြေပြင်နည်းစနစ်တွင် ပိုင်နိုင်လှသည့်ဂျုဂစ်ဆု တိုက်ခိုက်မှုများကြောင့် ပွဲသိမ်းစွမ်းရည် ရာနူန်းပြည့်ပိုင်ဆိုင်ထားသူတဦးဖြစ်သည်။

ပွဲသိမ်းအလဲထိုးနိုင်စွမ်းရှိသည့်ပြိုင်ဘက်နှင့်ယှဉ်ပြိုင်ရခြင်းသည်သူ့အတွက်ကြီးမားလှသောစိန်ခေါ်မှုတရပ်ဖြစ်ကြောင်းChenကယုံကြည်ယူဆထားသည်။ထို့အပြင်ပရိသတ်များအားလည်းပြိုင်ပွဲရသအပြည့်အဝပေးနိုင်မည်ဟု ယုံကြည်ထားသည်။ သေ ချာသည့်အချက်မှာ ပြိုင်ပွဲအပြီးတွင် လက်မြှောက်အောင်ပွဲခံရမည့်သူမှာ မိမိသာဖြစ်ကြောင်းလည်း Chen က ယုံကြည်ချက်အပြည့်အဝရှိနေသည်။

“ကျွန်တော့် ကစားသမားဘဝမှာ သူက အခက်ခဲဆုံးပြိုင်ဘက်တွေထဲက တစ်ဦးဖြစ်တယ်ဆိုတာကိုကျွန်တော်သိပါတယ်။ သူ့ရဲ့ ပြိုင်ပွဲယှဉ်ပြိုင်တဲ့စတိုင်လ်ကလည်း ကျွန်တော်နဲ့ဆင်တူနေတာကြောင့်ခက်ခဲပါလိမ့်မယ်” ဟု Lion Heart and Equilibrium အ သင်းမှ Chen က ဆိုသည်။

“ သူက ဂျုဂျစ်ဆုမှာ သိပ်မြန်တယ်။ မတ်တပ်ရပ်ကစားတဲ့နေရာမှာလည်းကောင်းတယ်။ သူက ဘက်စုံထူးချွန်တဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသမားတစ်ဦးပါပဲ။ ကျွန်တော်တို့နှစ်ဦးစလုံးက သန်မာပြီး အပြင်းအထန်တိုက်ခိုက်ယှဉ်ပြိုင် တတ်ကြတာ ကြောင့် ဒီပြိုင်ပွဲက သိပ်ကိုထူးခြားပါလိမ့်မယ်။

“ ဒါပေမဲ့ Engelen ကို မဖြစ်မနေပြောလိုက်ချင်တာက သတိထားပါ။ ကျွန်တော်က မတွန့်မဆုတ်တိုက်စစ်ဆင်မှာပဲ။ ဒီပြိုင်ပွဲကို မမေ့နိုင်စရာပွဲတစ်ပွဲဖြစ်အောင် ကျွန်တော်ကစားသွားမှာပါ။”

ပြိုင်ပွဲညတွင်အောင်မြင်မှုရရှိရေးအတွက် မည်သို့သောအတွေးအခေါ်အားကျင့်သုံးသည်ကိုရှင်းပြပြီးနောက်တွင် Chen ၏ ယှဉ်ပြိုင်မှုမှာ အံ့အားသင့်စရာမဖြစ်တော့ပါ။

ရှန်ဟိုင်းအိုးပင်းဘရာဇီးလ်ဂျုဂစ်ဆုချန်ပီယံChen သည် မည်သူအနိုင်ရသင့်သည်ကိုသံသယဖြစ်စရာမလိုအောင် ထိုးသတ်လို သူဖြစ်သည်။ ထို့ကြောင့် ၄င်းသည် ပြတ်ပြတ်သားသားအဖြေထွက်ရန်သာ ဦးတည်ထိုးသတ်လေ့ရှိသည်။

“ ပွဲသိမ်းဆိုတာ အလဲထိုး၊ ဒိုင်ပွဲရပ်နဲ့ ချုပ်ကွက်အလဲထိုးပဲရှိတယ်။”ဟု ၎င်းက ရှင်းပြသည်။

“ဒိုင်လူကြီးကအမှတ်နဲ့အနိုင်ပေးတာကိုအနိုင်ပွဲလို့ကျွန်တော်မသတ်မှတ်ဘူး။ဒါကြောင့်ပြိုင်ပွဲမှာကျွန်တော်အကောင်းဆုံးကြိုးစားအားထုတ်သွားမှာပါ။ပြိုင်ဘက်ကိုဖိအားအများကြီးပေးပြီးပွဲသိမ်းနိုင်အောင်အကောင်းဆုံးထိုးသတ်သွားမှာဖြစ်ပါတယ်။”

လာမည့်စနေနေ့တွင် လုပ်ဆောင်ရန်ရည်ရွယ်ထားသည့် Chen ၏ရည်မှန်းချက်တစ်ခုမှာ၎င်း၏တနိုင်ငံတည်းသားများဂုဏ်ယူဝင့် ကြွားနိုင်ရေးဖြစ်ပြီး ယင်းရည်မှန်းချက်သည် နိုင်ငံတွင်းသက်သက်မဟုတ်ပေ။

ယခုကဲ့သို့အပြင်းအထန်ယှဉ်ပြိုင်ထိုး သတ်ရခြင်း၏နောက်ကွယ်မှChen၏ အကြောင်းရင်းတခုမှာအာရှတလွှားတွင် ထင်ရှားပြီးပရိသတ်များ၏အားပေးမှုရရှိရန်နှင့် တစ်ကမ္ဘာလုံးမှပရိသတ်များ၏အားပေးမှုရရှိရန်ပင် ဖြစ်သည်။ Engelen နှင့်မထိုးသတ်မီ တွင် Chen အနေဖြင့် မည်သည့်ကိုယ်ခံပညာအားကစားပရိသတ်များကိုမဆိုသိစေချင်သည့် သတင်းစကားရှိပါသည်။

“ကျွန်တော့်ပြိုင်ပွဲတွေကိုလိုက်လံအားပေးကြည့်ရှုကြဖို့မျှော်လင့်ပါတယ်။ဘာကြောင့်လည်းဆိုရရင်ပြိုင်ပွဲတိုင်းကိုကျွန်တော်က၂ဝဝရာခိုင်နှုန်းအားထည့်ပြီးယှဉ်ပြိုင်တဲ့အတွက်ပါပဲ”ဟုChenကပြောသည်။“ပရိသတ်တွေကိုမတူကွဲပြားတဲ့ပြိုင်ပွဲရသပေးချင်တယ်။ ပိုပြီးကောင်းမွန်တဲ့ပွဲကို ကျွန်တော်ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်ခံပညာသိုင်းပေါင်းစုံရဲ့အရည်အသွေးကို မြင်ရပါစေမယ်”

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly