ဇွန်လအတွက် ကမ္ဘာ့အဆင့်ထုတ်ပြန်ချက်မှာ အဆင့် (၁)အဖြစ် ဘယ်လ်ဂျီယံ ရပ်တည်ဆဲ၊ မြန်မာ (၂)ဆင့်တက်

ဇွန်လအတွက် ကမ္ဘာ့အဆင့်ထုတ်ပြန်ချက်မှာ အဆင့် (၁)အဖြစ် ဘယ်လ်ဂျီယံ ရပ်တည်ဆဲ၊ မြန်မာ (၂)ဆင့်တက်
Photo: EPA

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဇွန်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ရာ ဘယ်လ်ဂျီယံအသင်းမှာ ကမ္ဘာ့အဆင့် (၁) နေရာမှာပဲ ဆက်လက်ရပ်တည်ခဲ့ပါတယ်။

ထိပ်ဆုံး (၄)သင်းမှာ နေရာအပြောင်းအလဲ မရှိပဲ ပြီးခဲ့တဲ့ နေးရှင်းလိဂ် (Nation League) ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ပေါ်တူဂီအသင်းဟာ အဆင့် (၂)ဆင့်တက်လာပြီး ကမ္ဘာ့ထိပ်ဆုံး (၅) သင်း စာရင်းဝင်လာခဲ့တယ်ကိုလည်းတွေ့ရပါတယ်။

ဇွန်လအတွက် ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေအရ အာရှမှာ အီရန်က ကမ္ဘာ့အဆင့် (၂၀)နဲ့ အအဆင့် (၁)ဖြစ်ပြီး အာဆီယံမှာ ဗီယက်နမ်က ကမ္ဘာ့အဆင့် (၉၆)နဲ့ အဆင့် (၁)၊ ထိုင်းက ကမ္ဘာ့အဆင့် (၁၁၆)နဲ့ အဆင့် (၂)၊ ဖိလစ်ပိုင်က ကမ္ဘာ့အဆင့် (၁၂၆)နဲ့ အဆင့် (၃)၊ မြန်မာက ကမ္ဘာ့အဆင့် (၂)ဆင့်တက်ကာ  (၁၃၈)နဲ့ အဆင့် (၄) နေရာမှာ အသီးသီးရပ်တည်နေပါတယ်။

ကမ္ဘာ့ ထိပ်သီး (၁၀)သင်း

၁။ ဘယ်လ်ဂျီယံ
၂။ ပြင်သစ်
၃။ ဘရာဇီးလ်
၄။ အင်္ဂလန်
၅။ ပေါ်တူဂီ
၆။ ခရိုအေးရှား
၇။ စပိန်
၈။ ဥရုဂွေး
၉။ ဆွစ်ဇာလန်
၁၀။ ဒိန်းမတ်

အာရှထိပ်သီး (၁၀)သင်း

၁။ အီရန် (၂၀)
၂။ ဂျပန် (၂၈)
၃။ တောင်ကိုရီးယား (၃၇)
၄။ သြစတြေးလျ (၄၃)
၅။ ကာတာ (၅၅)
၆။ ယူအေအီး (၆၇)
၇။ ဆော်ဒီ (၆၉)
၈။ တရုတ် (၇၃)
၉။ အီရတ် (၇၇)
၁၀။ ဥဇဘက် (၈၂)

အာဆီယံ အဆင့်ရပ်တည်မှု

၁။ ဗီယက်နမ် (၉၆)
၂။ ထိုင်း (၁၁၆)
၃။ ဖိလစ်ပိုင် (၁၂၆)
၄။ မြန်မာ (၁၃၈)
၅။ မလေးရှား (၁၅၉)
၆။ အင်ဒိုနီးရှား (၁၆၀)
၇။ စင်ကာပူ (၁၆၂)
၈။ ကမ္ဘောဒီးယား (၁၆၉)
၉။ လာအို (၁၈၈)
၁၀။ ဘရူနိုင်း (၁၉၃)
၁၁။ အရှေ့တီမော (၂၀၀)

Ref; FIFA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly