ကမ္ဘာကျော် ဗင်းဆင့်ဗန်ဂိုး ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ သေနတ်ကို လေလံတင်မည်

ကမ္ဘာကျော် ဗင်းဆင့်ဗန်ဂိုး ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ သေနတ်ကို လေလံတင်မည်

ပါရီ၊ ဇွန် ၁၅ ။              ။ လာမယ့် ဇွန် ၁၉ ရက်မှာပြုလုပ်မယ့် ပါရီက ဟိုတယ်ဒရော့ လေလံပွဲမှာ ကမ္ဘာကျော် ပန်းချီအကျော်ဇေယျ ဗင်းဆင့်ဗန်ဂိုး ကိုယ့်ကိုယ်ကို ပစ်သတ် သတ်သေခဲ့တယ်ဆိုတဲ့ သေနတ််တစ်လက်ကို လေလံတင်တော့မှာ ဖြစ်ပါတယ်။

“ဗန်ဂိုးဟာ သူ့ရင်ဘတ်ကို သူ ပြန်ပစ်တဲ့ သေနတ်ဒဏ်ရာကြောင့်ပဲ သေဆုံးခဲ့ရှာတာပါ။ သူ့ ဘဝ နိဂုံးသတ် ကာလပိုင်းမှာ ဗန်ဂိုးဟာ စိတ်ကျဝေဒနာ ပြင်းထန်စွာ ခံစားခဲ့ရသူတစ်ဦးပါ။”လို့ လေလံပွဲ ကျင်းပသူ ဂရီဂေါ်ရီဗေးရီက ပြောပါတယ်။

“ဒါပေမယ့် ကမ္ဘာကြီးအတွက် အလှတရားကို သူ့ စိတ်ကျန်းမာရေး ဆေးရုံမှှာ ကုသခံနေရတဲ့ အချိန်မှာတောင် ပန်းချီလောကထဲမှာ ချန်ထားရစ်သွားသူပါ။”လို့ ဂရီဂေါ်ရီဗေးရီက ပြောပါတယ်။

ဒက်ချ်လူမျိုး ပန်းချီဆရာ ဗန်ဂိုးဟာ သူ အသက်ရှင်စဉ် ပန်းချီအပေါ်မှာ တစ်ဘဝလုံး မြုပ်နှံထားခဲ့သူပါ။ အရောင်တွေနဲ့ စကားပြောသူလို့ ဆိုကြတဲ့ ဗန်ဂိုးဟာ သူ အသက်ရှင်စဉ် သူရဲ့ ပန်းချီကား တစ်ချပ်တစ်လေ တောင် ရောင်းမစွံခဲ့ရှာပါ။

ဒါပေမယ့် ခုချိန်မှာတော့ အနုပညာမှော်ဓာတ် ပါရမီီပြင်းစွာ ကိန်းအောင်းနေတဲ့ ဗန်ဂိုးရဲ့ ပန်းချီကားတွေဟာ တစ်ကားတစ််ကားကို ဒေါ်လာသန်းပေါင်းများစွာနဲ့ ပေးဝယ်ခံနေရပြီ ဖြစ်ပါတယ်။

သူ့ရဲ့ နာမည်ကျော် “ကြယ်တွေ စုံတဲ့ည”တို့၊ “အာလူးစားသူများ”တို့ဆိုတဲ့ ပန်းချီကား တော်တော််များများဟာ တန်ဖိုး မဖြတ်နိုင်အောင် ရှိနေပါပြီ။

သူ့ အသက်ထင်ရှား ရှိချိန်မှာတော့ သူ့ ပန်းချီသဘောတရားတွေကို လူတွေ နားလည်လက်မခံနိုင်သေးဘဲ နုံချာတဲ့ ဘဝနဲ့ အသက် သေဆုံးတဲ့အထိ နေထိုင်သွားရရှာတာပါ။

ညီဖြစ်သူရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့ ဘဝကို ရှေ့ဆက်နေခဲ့ရတဲ့ ဗန်ဂိုးဟာ နောက်ဆုံး စိတ််ဝေဒနာနဲ့ ကိုယ့်ကိုယ်ကို သေနတ်နဲ့ ပစ်ပြီး အဆုံးစီရင်သွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကြီးအတွက် အလှတရားတွေ ခြယ််မှုန်းပေးသွားခဲ့တဲ့ ဗန်ဂိုးဟာ သေခါနီးမှာ ညီဖြစ်သူရဲ့ လက်ပေါ် “ဘဝတွေက ထင်ထားတာထက် ကြမ်းတမ်းလွန်းပါတယ်၊ သီယိုရယ်။”ဆိုပြီး ညီကို တိုင်တန်းရင်း ဘဝကို နှုတ်ဆက်ထွက်ခွာသွားတော့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly