တက္ကသိုလ်ဝင်တန်း ကျရှုံးပြီး ပညာဆက်လက်သင်ယူရန်အခက်အခဲရှိသော ကျောင်းသား ကျောင်းသူ များအတွက် မန္တလေးမြို့ရှိ၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ပညာဒါနကျောင်းမှ အခမဲ့သင်ကြားပေးနေ သော အစီအစဉ်များနှင့်ပတ်သက်ပြီး အခက်အခဲရှိသောသူများ သိရှိ တက်ရောက်နိုင်ရန် မေးမြန်း ဖော်ပြပေးလိုက်ပါတယ်။
တက္ကသိုလ်ဝင်တန်းကျရှုံးပြီး ပညာဆက်လက်သင်ယူရန်အခက်အခဲကြောင့် စာသင်ခန်းထဲသို့ ပြန်မလာနိုင်ဘဲ လေလွင့်ပျက်စီးသွားမည်ကို ကြိုတင်ကာကွယ်လိုသောရည်ရွယ်ချက်ဖြင့် တစ်ဖက်တစ်လမ်းမှ တတ်နိုင်သလောက် ကြိုးပမ်းလုပ်ဆောင်ခြင်းဖြစ်ကာ တက္ကသိုလ်ဝင်တန်း ကျရှုံးခဲ့သူ မည်သူမဆို လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
ဝင်ခွင့်လျှောက်လွှာများကို (ယနေ့)ဇွန်လ ၁၄ ရက် မှစကာ လက်ခံမည်ဖြစ်ပြီး ဗြဟ္မစိုရ် လူမှုကူညီရေး အသင်း ပညာဒါနကျောင်းတွင် တက္ကသိုလ်ဝင်တန်း တက်ရောက်ခွင့်ရရှိသူများ စာရင်းကို ၂၀၁၉ ခုုနှစ် ၊ ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရိုက်ကူး ဘိုဘို မဇ္ဈိမ