ဘာသာရေးထုံးစံအရ တိရစ္ဆာန်တွေကို ယဇ်ပူဇော်နေတာ အဆုံးသတ်ရေး နီပေါမှာ စုရုံးဆန္ဒပြ

ဘာသာရေးထုံးစံအရ တိရစ္ဆာန်တွေကို ယဇ်ပူဇော်နေတာ အဆုံးသတ်ရေး နီပေါမှာ စုရုံးဆန္ဒပြ
Photo - AFP

ခတ္တမန္တူ၊ ဇွန် ၁၅ ။         ။ နီပေါနိုင်ငံ တိရစ္ဆာန် ထောင်ပေါင်းများစွာကို သတ်ဖြတ်ပြီး ယဇ်ပူဇော်တဲ့ ဘာသာရေးပွဲတော် ကျင်းပဖို့ လများစွာ လိုသေးပေမယ့် ခတ္တမန္တူမြို့မှာ တက်ကြွလှုပ်ရှားသူတွေဟာ အဲဒီ ဓလေ့ထုံးစံ အဆုံးသတ်ရေးအတွက် ဇွန် ၁၄ ရက်မှာ စုရုံးဆန္ဒပြကြပါတယ်။

ကျွဲနဲ့ ဝက်တွေ ပုံစံနဲ့ ကြက်ခေါင်းပုံတွေ ဝတ်ဆင်ထားတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဟိန္ဒူဘာသာထုံးစံအရ အမြစ်တွယ်နေတဲ့ အဲဒီ ယဇ်ပူဇော်တဲ့ ဓလေ့ထုံးစံကို ဆန့့်ကျင်ပြီး ကြွေကြော်သံတွေ ဟစ်ကြွေးကာ စုရုံးချီတက်ကြတာ ဖြစ်ပါတယ်။

“မှားယွင်းနေတဲ့ ဒီ လုပ်ရပ် အဆုံးသတ်ရမယ်။”လို့ နီပေါ တိရစ္ဆာန်ရေးရာအဖွဲ့အစည်းမှ ဆန်နီဟာက အေအက်ဖ်ပီကို ပြောပါတယ်။

“ဘုရားသခင်ရဲ့ အမြင်မှာ အားလုံးဟာ အတူတူ ဖြစ်တယ်။ ဘုရားသခင်ဟာ သူ့ရဲ့ ကလေးတွေကို ယဇ်ပူဇော်ဖို့ ပြောလိမ့်မှာ မဟုတ်ဘူး။”လို့ ၎င်းက ပြောဆိုပါတယ်။

ဒါပေမယ့် သူတို့လို တိရစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ရေဆန်ခရီးကို ချီတက်နေကြရတာပဲ ဖြစ်ပါတယ်။ နီပေါမှာ ဟိန္ဒူဦးရေဟာ ၈၀ ရာခိုင်နှုန်း ရှိပြီး ဘာသာရေးထုံးစံ ယဇ်ပူဇော်တာဟာ နေ့စဉ်ဘဝတစ်စိတ်တစ်ပိုင်းလို ဖြစ်ပြီး အဓိက ပွဲတော်တွေထဲမှာလည်း အထင်ကရ ထားနေတဲ့ ပွဲတော် ဖြစ်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly