တာချီလိတ်မြို့နယ်ရှိ ရေမြောင်းအတွင်း စိတ်ကြွဆေးပြားများနှင့် သေနတ် ၉လက် ပိုင်ရှင်မဲ့တွေ့ရှိ

တာချီလိတ်မြို့နယ်ရှိ ရေမြောင်းအတွင်း စိတ်ကြွဆေးပြားများနှင့် သေနတ် ၉လက် ပိုင်ရှင်မဲ့တွေ့ရှိ

ရန်ကုန်၊ ဇွန် ၁၅ ။        ။ တာချီလိတ်မြို့နယ်၌ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးပြုလုပ်ရာအသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ဇွန်လ ၁၄ နေ့လယ် ၃ နာရီခွဲတွင်တာချီလိတ်မြို့နယ်၊ ပါခါးကျေးရွာ အနီးမြေသား ရေမြောင်း အတွင်း၌ တာလပတ်စ၊ သစ်ကိုင်းများဖြင့် ဖုံးကွယ်ထားသည့် ဆာလာအိတ် ၂၁ အိတ်အား မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ပူးပေါင်းအဖွဲ့မှစစ်ဆေးခဲံခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးရာ တွင် ၁ ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးကျပ် ၄၂,၅၄၀ သိန်းတန်ဖိုးရှိသည့် စိတ်ကြွဆေးပြား၄၂.၅၄သိန်းပြား၊၁ကီလိုလျှင်ကျပ် ၁၀၀သိန်းနှုန်းဖြင့်တန်ဖိုးကျပ်၁၉၀သိန်းတန်ဖိုး ရှိသည့်စိတ်ကြွဆေး မှုန့်၁.၉ ကီလို ၊ ၁ ဂရမ်လျှင် ၁၀,၀၀၀ ကျပ်နှုန်း ဖြင့် တန်ဖိုးကျပ် ၉၀ သိန်း တန်ဖိုးရှိသော ကတ်တမင်း ၉၀၀ ဂရမ် နှင့် ၁ ကီလိုလျှင် ကျပ်သိန်း ၁၂၀ နှုန်းဖြင့် တန်ဖိုးကျပ် ၆၀၀သိန်းတန်ဖိုးရှိသောဘိန်းညိုမှုန့်၅ကီလို တို့ကိုသေနတ်မျိုးစုံ ၉လက်၊ကျည်အိမ်၈ခု၊ ခဲယမ်းမျိုးစုံ၁၉,၂၇၉တောင့်၊  စကားပြောစက်၄လုံးနှင့်အတူပိုင်ရှင် မဲ့သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်အတွက်ဥပဒေနှင့်အညီအရေးယူ နိုင်ရေးဆက် လက်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly