အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၇၄ နှစ်မြောက်မွေးနေ့တွင် ဆွမ်းဆန်စိမ်း လောင်းလှူမည်

15 June 2019
အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၇၄ နှစ်မြောက်မွေးနေ့တွင် ဆွမ်းဆန်စိမ်း လောင်းလှူမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၄နှစ်မြောက်မွေးနေ့အား ပုသိမ်မြို့နယ် NLD ရုံးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စတုဒီသာကျွေးမွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၄နှစ်မြောက်မွေနေ့တွင် ပုသိမ်မြို့နယ် NLDက ဇွန်လ၁၉ရက်နေ့၊နံနက်ပိုင်းတွင် သစ်ပင်စိုက်ခြင်း၊နေ့လယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စတုဒီသာကျွေးခြင်းအား မြို့နယ်ရုံးရှေ့တွင်ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ကို ယခုအကြိမ်အပါအဝင် ပုသိမ်မြို့နယ်၌ ကျင်းပပြုလုပ် သည်မှာ ၃ကြိမ်ရှိပြီဟု သိရသည်။

ရိုက်ကူး / တည််းဖြတ် - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly